တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော ရခိုင်ပြည်နယ်၊ သံတွဲမြို့ နယ်ရှိ ရွှေလှကျေးရွာနှင့် ရေကောက်ကျေးရွာတို့မှ ဒေသခံရွာသား ၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး မြေပြင်တွင် AA သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျေးရွာများအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Myanmar Pressphoto Agency မှ တင်ထားသော ပခုက္ကူ မြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ ဟူသည့်သတင်းသည် မှန်ကန်မှုမရှိသည့်သတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ PDF အကြမ်းဖက်သမားများက ၎င်းတို့အား အားပေးထောက်ခံခြင်းမရှိသည့် ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ကျေးရွာနှင့် ရေလာလေးကျေးရွာတို့ကို ဒရုန်းများ၊ လက်လုပ်လက်နက်ကြီးများဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် ရေလာလေး ကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးစဉ် ဖောင်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၅-၂၀၂၄)
- သံတွဲမြို့နယ်ရှိ ရွှေလှကျေးရွာနှင့် ရေကောက်ကျေးရွာတို့မှ ဒေသခံရွာသား ၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး မြေပြင်တွင် AA သောင်းကျန်းသူ များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျေးရွာများအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ် ယူတိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
- ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့ဟူသည့်သတင်းသည် မှန်ကန်မှုမရှိသည့်သတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ PDF အကြမ်းဖက်သမားများသည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးစဉ် ဖောင်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် များမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။
Add new comment