ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားအား ဂုဏ်ပြု သောအားဖြင့် အောက်ပါအတိုင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

  • အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက် လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင် ပေးနိုင်သည့်အပြင် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
  • နိုင်ငံတွင်း၌သာမက ပြည်ပနိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်းများ တည်ထောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • လုပ်သားအင်အားကို အခြေပြုသည့် အထည်ချုပ်လုပ်ငန်းများသည် နိုင်ငံသား များအား အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခြင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြည့်စွမ်းပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်းများစွာရှိပြီး ဖြစ်သည့်အတွက် ယင်းအခွင့်အလမ်းကောင်းများကို ထိရောက်အကျိုးရှိစွာ အသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်ပမှကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ပြည်ပ ရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာ ဆုံးရှုံးမှုမရှိစေရန်နှင့် ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျအသုံးချနိုင်ရန် ပြည်ပနိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးလျက်ရှိကြောင်း။
  • အလုပ်သမားအများစု သွားရောက်လုပ်ကိုင်သည့်နိုင်ငံများတွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း။
  • နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သော  အလုပ်သမားကြီးများ၏ လူမှုစီးပွားဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေ နိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ခြင်းတို့ဖြင့် ကုန်ထုတ် လုပ်မှုများတိုးတက်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများတွင်ပါ တစ်ပြိုင်တည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
  • လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရေးအတွက် အလုပ်ရှင်နှင့် အလုပ် သမားများအနေဖြင့် မိမိတို့လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာနှင့် ပတ်သက် သည့် အငြင်းပွားမှုများအား လုပ်ငန်းခွင်အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆွေးနွေးညှိနှိုင်းမှုတို့ကြောင့် ရေရှည်တွင် လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်စေခြင်းသာမက ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံဖြစ်လာရေး၊ ကုန်ထုတ်လုပ်ငန်း များအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွား ဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာ အလုပ်သမားထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အလုပ် သမားကြီးများက နိုင်ငံတော်အစိုးရနှင့်အတူ ပါဝင်ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်း အပ်ပါသည်ဟု သဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၅-၂၀၂၄)

  • နိုင်ငံတွင်း၌သာမက ပြည်ပနိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ် သားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း များ တည်ထောင်ဆောင်ရွက်ပေးလျက်ရှိ။
  • မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်းများစွာရှိပြီးဖြစ် သည့်အတွက် ပြည်ပမှကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပ သို့ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိ။
  • ပြည်ပနိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးလျက်ရှိ။
  • အလုပ်သမားအများစု သွားရောက်လုပ်ကိုင်သည့်နိုင်ငံများတွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိ။

Add new comment