မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သားများ စေလွှတ်လျက်ရှိ

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် ဧပြီလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း ၄၂၁ ဦး‌စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။

ဧပြီလ ၉ ရက်တွင် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၇၂ ဦးနှင့် ဆောက်လုပ် ရေးလုပ်သားသစ် ၂၁ ဦး စုစုပေါင်းလုပ်သား ၁၉၃ ဦး၊ ဧပြီလ ၃၀ ရက်တွင် ကိုရီးယား သမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သားများအနက် ကုန်ထုတ်လုပ်သားသစ် ၁၇၃ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ် ၆ ဦး စုစုပေါင်းလုပ်သား ၁၇၉ ဦးတို့သည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် မတ်လအတွင်း စုစုပေါင်း ၈၆၂ ဦးရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီအတွင်းကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့်  EPS လုပ်သားစုစုပေါင်း ၁,၃၃၃ ဦး‌စေလွှတ်ခဲ့ပြီးဖြစ် ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၅-၂၀၂၄)

  • ကိုရီးယားသမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၃၄၅ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ် ၂၇ ဦး စုစုပေါင်းလုပ်သား ၃၇၂ ဦးတို့သည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသား လေကြောင်း လိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့။

Add new comment