နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGEL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၉ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများက  ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ကိုစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ အခမ်းအနားတက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်

  • ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အရာတစ်ခု ဖြစ် သည့်အပြင် မိမိတို့နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် တစ်ရပ်လည်းဖြစ်ကြောင်း။
  • ယခုဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center) သည် ဥပဒေအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူး ပေးနိုင်မည့် နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်သဖြင့် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် နေရာတစ်ခုဖြစ်သည် ဟုလည်း ဆိုရမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာ ပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း။
  • နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေအသိပညာ ရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကိုနားလည်တတ်ကျွမ်းပြီး လေးစား လိုက်နာကြရန်လိုအပ်ကြောင်း။
  • ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာ(ဥပဒေ)ပညာဘွဲ့ B.A(Law) ပညာ သင်ကြားနေပြီး အဓိကကျသည့် တက္ကသိုလ်များတွင် ဥပဒေဘွဲ့(LLB) ပညာ သင်ကြားပေးနေကြောင်း၊ ယခုထက်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံမှ မွေးထုတ်ပေးလိုက်သည့် ဥပဒေပညာရှင်များသည် နိုင်ငံတကာ တွင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်သည့် အကျော်ဇေယျများဖြစ်သည်အထိ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း။
  • ဥပဒေအသိပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှုကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ် လာနိုင်သည့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် ဥပဒေ အရာရှိများကို ခန့်အပ်တာဝန်ပေးနိုင်ရန်လိုအပ်ကြောင်း။
  • ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းကြီးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ အောင်မြင်မှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ဥပဒေအသိပညာ ပြန့်ပွားရေး လုပ်ငန်းများအတွက် အောင်မြင်တိုးတက်မှု ပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း။
  • ဆက်လက်၍လည်း ပိုမိုကောင်းမွန်သည့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်း များကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက်  ဥပဒေရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်လျက်ရှိမှု၊ ဥပဒေအသိပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၄-၂၀၂၄)

  • ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အရာတစ်ခု ဖြစ် သည့်အပြင် မိမိတို့နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် တစ်ရပ်လည်းဖြစ်။
  • မိမိတို့နိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာ ပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေ။ 
  • ဥပဒေအသိ ပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှုကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ် လာနိုင်သည့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မည်ဖြစ်။
  • ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းကြီးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ အောင်မြင်မှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ဥပဒေအသိပညာ ပြန့်ပွားရေး လုပ်ငန်းများအတွက် အောင်မြင်တိုးတက်မှု ပြယုဂ်တစ်ခုလည်းဖြစ်။

Add new comment