၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုအနေဖြင့် နိုင်ငံပိုင် မှ အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၀၇၂ သန်းရရှိပြီး  ပုဂ္ဂလိကပိုင်မှ  အမေရိကန် ဒေါ်လာ ၇၂ ဒသမ ၄၃၄ သန်းရရှိသည့် အတွက်  စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၅၀၆ သန်းရရှိခဲ့။
  • ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပ သို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် စုစုပေါင်းအမေရိကန် ဒေါ်လာ ၉၉ ဒသမ ၄၀၉ သန်းရရှိခဲ့။
  • ဧပြီလ ၃၀ ရက်တွင်  ပြည်ပသို့ ပြောင်းဖူးစေ့တန်ချိန် ၆၂,၅၀၀ နှင့် ဆန်တန်ချိန် ၇,၅၀၀ တင်ပို့ခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊  ရေထွက်ပစ္စည်း၊  သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များ တင်ပို့ရာ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၈ ဒသမ ၂၄၄ သန်းရရှိပြီး ယင်းပို့ကုန်များထဲတွင် စက်မှု ကုန်ချောတင်ပို့မှုမှ  အများဆုံးရရှိခဲ့။

ပဲခူးတိုင်းဒေသကြီး၌ ဧပြီလအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ တစ်သန်းတိုးတက်ဝင်ရောက်ခဲ့ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်း ၆၀ ဦး ဖန်တီးပေးနိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဧပြီ လ အထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ ၁၉၉ ဒသမ ၀၁၅ သန်း နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာငွေကျပ် ၈၁,၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၁,၅၇၉ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၄-၂၀၂၄)

  • ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုအနေဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၅၀၆ သန်းရရှိခဲ့။
  • ဧပြီလ ၃၀ ရက်တွင်  ပြည်ပသို့ ပြောင်းဖူးစေ့တန်ချိန် ၆၂,၅၀၀ နှင့် ဆန်တန်ချိန် ၇,၅၀၀ တင်ပို့ခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၈ ဒသမ ၂၄၄ သန်းရရှိခဲ့။
  • ပဲခူးတိုင်းဒေသကြီး၌ ဧပြီလအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ တစ်သန်းတိုးတက်ဝင်ရောက်ခဲ့ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်း ၆၀ ဦး ဖန်တီးပေးနိုင်ခဲ့။
  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ ၁၉၉ ဒသမ ၀၁၅ သန်း နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မြန်မာငွေကျပ် ၈၁,၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၁,၅၇၉ ဦး ဖန်တီးပေးနိုင်ခဲ့။

 

 

Add new comment