မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား ယာယီသွားလာခွင့် ခေတ္တပိတ်ခြင်းမှ ပြန်လည်ဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့၌ နယ်မြေဒေသလုံခြုံရေးအခြေအနေအရ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား ယာယီသွားလာခွင့်ကို ဧပြီလ ၂၁ ရက်မှစ၍ ခေတ္တပိတ်ခဲ့ပြီး ဧပြီလ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယာယီနယ်စပ်ဖြတ်သန်း သွားလာခွင့်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ MoU ဖြင့် တရားဝင်သွားရောက်လုပ်ကိုင် နေသောလုပ်သားများ၊ U-turn ဖြင့် ဆောင်ရွက်ပေးနေရသောလုပ်ငန်းများအား ပြန်လည် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ် များနှင့် တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့်လုပ်သားများ အဆင်ပြေချော မွေ့စွာ ပြန်လည်သွားလာနိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါသည်။ နေ့စဉ်တံတားဖွင့်ချိန် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ပေး ထား၍ နေ့စဉ်အားဖြင့် လူဦးရေ ၃,၀၀၀ ခန့် အဝင်အထွက် ပြုလုပ်ပေးလျက်ရှိပြီး လာမည့် မေလ ၁ ရက်မှစတင်၍ နယ်စပ်အမှတ်(၁) ချစ်ကြည်ရေးတံတား အဝင်အထွက် ဂိတ်များမှ TBP/BP လက်မှတ်များထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအပြင် UID ကိုင်ဆောင်ထားသူများသာ လက်မှတ်များထုတ်ပေးမည်ဖြစ်ပါသည်။  

အလားတူ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတွင်လည်း ပို့ကုန်၊ သွင်းကုန်များအား ပုံမှန်ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံဆောင်ရွက် ပေးနိုင်ရေးတို့ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၄-၂၀၂၄)

  • မြန်မာ-ထိုင်း အမှတ်() ချစ်ကြည်ရေးတံတားအား မြဝတီမြို့၌ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ယာယီသွားလာခွင့်ကို ဧပြီလ ၂၁ ရက်မှစ၍ ခေတ္တ ပိတ်ခဲ့ရပြီး ဧပြီလ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယာယီနယ်စပ်ဖြတ် သန်းသွားလာခွင့်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ MoU ဖြင့် တရားဝင်သွားရောက် လုပ်ကိုင်နေသောလုပ်သားများ၊ U-turn ဖြင့် ဆောင်ရွက်ပေးနေရသော လုပ်ငန်း များအား ပြန်လည်လုပ်ကိုင်ဆောင်ရွက်လျက်ရှိ။
  • နေ့စဉ်တံတားဖွင့်ချိန် နံနက် နာရီမှ နာရီအထိ ဖွင့်လှစ်ပေးထားပြီး လာမည့် မေလ ရက်မှစတင်၍ နယ်စပ်အမှတ်() ချစ်ကြည်ရေးတံတား အဝင်အထွက်ဂိတ်များမှ TBP/BP လက်မှတ်များထုတ်ယူရာတွင် နိုင်ငံသားစိစစ် ရေးကတ်ပြားအပြင် UID ကိုင်ဆောင်ထားသူများသာ လက်မှတ်များထုတ်ပေး မည်ဖြစ်။

 

Add new comment