ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဧပြီလ ၂၉ ရက်တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သောအရာရှိ၊ စစ်သည်များအား  တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မော်လမြိုင်မြို့၌ တွေ့ဆုံရာတွင်-

  • ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေများ။
  • တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်း သူများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် သည့်အခြေအနေများ။
  • ကရင်ပြည်နယ်နှင့် မွန်ပြည်အတွင်းရှိ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူများလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရ မည့် အခြေအနေများ။
  • နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် MSME လုပ်ငန်းများကိုလည်း ထိရောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည့်အခြေအနေများကို အကျယ် တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက သက်ဆိုင်ရာပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာ အချက်အလက်များ၊ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူ များနေထိုင်နိုင်ရန် ယာယီတိုက်ပွဲရှောင်စခန်းများဖွင့်လှစ်ထားရှိမှုနှင့် လိုအပ်သည့် ထောက်ပံ့ ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ အကြမ်းဖက်သမား များဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်မြို့၊ ရွာများတွင် ပြန်လည်ထူထောင်ရေးနှင့် မိုင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်နေမှုများ၊ MSME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးထားမှုနှင့် ဒေသအတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဒေသတွင်း ထုတ်ကုန်များဖြစ်သည့် ရော်ဘာနှင့် ဆန်၊ စပါးအတွက် Work Plan များ ရေးဆွဲဆောင် ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က  တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၄-၂၀၂၄)

  • ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့။
  • ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအား ‌တွေ့ဆုံ၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသ များဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ နယ်စပ်ကုန်သွယ် ရေးကဏ္ဍတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေနှင့် တည်ငြိမ် အေးချမ်းမှုရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေး ဆောင်ရွက်ရမည့်အခြေအနေများအား ဆွေးနွေးခဲ့။

Add new comment