ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ဧပြီလ ၂၃ ရက်မှ ၂၅ ရက်အထိကျင်းပသည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်သည် ဧပြီလ ၂၄ ရက်တွင် စိန့်ပီတာ စဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် ကမ္ဘောဒီးယား နိုင်ငံ ကိုယ်စားလှယ်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပသည့် စတုတ္ထအကြိမ် အာဆီယံ-ရုရှားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-ရုရှားပူးတွဲ ဥက္ကဋ္ဌတာဝန်ယူ၍ အကြမ်းဖက်မှုတိုက်ဖျက် ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံ-ရုရှားလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ အာဆီယံမှ မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးနေမှု၊ အာဆီယံ-ရုရှားပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံ-ရုရှားဆက်ဆံရေး ဆိုင်ရာ Coordinator အဖြစ် မြန်မာနိုင်ငံမှ ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်ချမှတ်ပြီး လက်ရှိဆောင်ရွက်နေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ပါဝင် ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များ ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်က အကြိုနှုတ်ခွန်းဆက်စကားကို ဗီဒီယိုမက်ဆေ့ဖြင့်ပြောကြားခဲ့ပါသည်။ ယင်းနောက် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့်နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင် များသည် ထွန်းသစ်စနိုင်ငံကြီးများအပါအဝင် ဗဟုမဏ္ဍိုင်ပြု ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ် များ၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့်ပတ်သက်၍ သတင်းလုံခြုံရေးဆိုင်ရာ အာမခံချက်ရရှိရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ဧပြီလ ၂၅ ရက်တွင် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့အစီအစဉ်ဖြစ်သည့် နိုင်ငံတကာလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အမျိုးသားရေးကြန်အင်လက္ခဏာ နှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာတန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စု ဝန်ကြီးက ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သော စားပွဲဝိုင်းဆွေးနွေးပွဲ၌ သဘာဝနှင့်လူတို့ကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်နှင့် လက်နက်ကိုင်ပဋိပက္ခများအကြား ပြည်သူများအပေါ် အကာအကွယ်ပေးနိုင်ရေးဆိုင်ရာ အဓိကပြဿနာများနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်ချုပ်အောင်မျိုးသန့်က တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေစဉ် ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံအမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (Bilateral Meeting) ပြုလုပ်ခဲ့ပြီး မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား နယ်ပယ်ပေါင်းစုံပူးပေါင်း ဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် H.E. Mr. Chen Wenging နှင့်လည်းကောင်း၊ အိန္ဒိယ နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval နှင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Tarique Ahmed Siddque နှင့်လည်းကောင်း၊ လာအို ပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်သူ့လုံခြုံရေး ဒုတိယ ဝန်ကြီး Mr. Somvanh Saylongpha နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဘင်းမ်စတက်ဒေသဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် အပြန်အလှန်မျှဝေရေး ကိစ္စရပ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဖရိကနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲ Mr. Abdulaziz Ahmed Adem နှင့် မိုဇမ်ဘစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး Mr. Pascoal RONDA တို့နှင့်လည်း တွေ့ဆုံခဲ့ကာ နိုင်ငံအချင်းချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ ဆောင်ရွက်နေမှု အခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော မြန်မာကိုယ်စားလှယ်များသည် ဆက်စပ်ဆွေး နွေးပွဲများအား တက်ရောက်နေစဉ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Expo-forum အတွင်း စစ်ဘက်နည်းပညာကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် စစ်ဘက်နည်းပညာဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

ဧပြီလ ၂၆ ရက်တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါ သည်။ ဆက်လက်ပြီး စိန့်ပီတာစဘတ်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်း သားအရာရှိများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၂၇ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၄-၂၀၂၄)

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr.Nikolay Patrushev နှင့် ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပ သည့် စတုတ္ထအကြိမ် အာဆီယံ-ရုရှားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့။
  • (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာ စုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အကြိုနှုတ်ခွန်းဆက်စကားကို ဗီဒီယိုမက်ဆေ့ဖြင့်ပြောကြားခဲ့။
  • နိုင်ငံတကာလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အမျိုးသားရေးကြန်အင်လက္ခဏာနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာတန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးခဲ့။
  • အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (Bilateral Meeting) ပြုလုပ်ခဲ့။
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးဗျူရို၏အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ဥက္ကဋ္ဌ H.E. Mr. Chen Wenging၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Tarique Ahmed Siddque၊ ပြည်သူ့ လုံခြုံရေး ဒုတိယဝန်ကြီး Mr. Somvanh Saylongpha၊ အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲ Mr. Abdulaziz Ahmed Adem၊ မိုဇမ်ဘစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး Mr. Pascoal RONDA၊ စိန့်ပီတာ စဘတ် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Grigoriev EvgenyDmitrievich တို့နှင့်လည်း သီးခြားစီတွေ့ဆုံ။
  • သဘာဝနှင့်လူတို့ကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်နှင့် လက်နက်ကိုင်ပဋိပက္ခများ အကြား ပြည်သူများအပေါ် အကာအကွယ်ပေးနိုင်ရေးဆိုင်ရာ အဓိကပြဿနာများ နှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်မျိုးသန့်တက်ရောက်ဆွေးနွေးခဲ့။

Add new comment