လုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ခိုအောင်းနေသည့် သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆော

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အကြမ်းဖက်သမားများအနေဖြင့် မတ်လ ၂၄ ရက်မှစတင်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၊ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်၍ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လာခဲ့ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံ ခဲ့သော်လည်း မတ်လ ၂၅ ရက်တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ်ကျေးရွာမှလည်းကောင်း၊ အသီးသီးခေတ္တခွာခဲ့ရပြီး တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့ရပါသည်။

အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာများအတွင်း နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရန်အတွက် ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ အကြမ်း ဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation) ကို ဧပြီလ ၁၁ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်သမားများထံမှ အလောင်း အချို့နှင့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၍ မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓမ္မသတ်ကျေးရွာအား ဧပြီလ ၂၂ ရက်တွင် လည်းကောင်း၊ ကော့ဘိန်းကျေးရွာအား ဧပြီလ ၂၅ ရက်တွင်လည်းကောင်း၊ တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများသည် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး ဆုတ်ခွာရာလမ်းကြောင်း တစ်လျှောက်ရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများ၊ ရဲစခန်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင် ခဲ့ကြပါသည်။

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့ တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်း များကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ကော့ဘိန်း ကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံ ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိပြီး အဆိုပါကျေးရွာများ၌ တည်ငြိမ်အေးချမ်းပြီဖြစ်သည့်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် မိမိကျေးရွာများသို့ စတင်ပြန်လည် ဝင်ရောက်နေထိုင်လာကြပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၄-၂၀၂၄)

  • KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အကြမ်းဖက်သမားများအနေဖြင့် ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား များထံမှ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့။
  • KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြို့တွင်းရှိ အဆောက် အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်း ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ။
  • မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံ ပြည်သူများနှင့်အတူ စီမံဆောင်ရွက်လျက်ရှိ။

Add new comment