ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့်အဖွဲ့အား ဧပြီလ ၂၆ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

တွေ့ဆုံစဉ်-

  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း ၍ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ နှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြင်ဆင်ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုခြင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၄-၂၀၂၄)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား လက်ခံ တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင် ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့။

Add new comment