မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်းပွဲကို ဧပြီလ ၂၆ ရက်တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ကျင်းပခဲ့ပါသည်။

 မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်းရသည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စာအုပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လတ်တလောဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်ဆိုင်ရာ စာ အုပ်များကိုလှူဒါန်းရာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်မြင့်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ပါသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံ အမတ်ကြီး Dr. Md. Monwar Hossain၊ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၄-၂၀၂၄)

  • မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်း၊ ယဉ် ကျေးမှု၊ အနုပညာ၊ စာပေ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စာအုပ်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လတ်တလောဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်ဆိုင်ရာ စာ အုပ်များကိုလှူဒါန်းခဲ့။

Add new comment