နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ဧပြီလ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-II) ၌ တွေ့ဆုံ၍ ဩဝါဒစကားပြောကြားခဲ့ရာတွင်-
- မောင်တို့မယ်တို့လူငယ်များသည် ပြည့်ခွန်အားများဖြစ်သကဲ့သို့ နိုင်ငံတော် တည်ဆောက်ရေးအတွက်အရေးကြီးသည့် လူ့စွမ်းအားအရင်း အမြစ်များလည်း ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည် ပေါ်တွင် များစွာမူတည်နေကြောင်း။
- လူငယ်မောင်မယ်များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ် ကြိုးပမ်းအားထုတ်သွား ကြရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍ ကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း။
- မောင်တို့မယ်တို့အပါအဝင် လူငယ်အားလုံး ပညာသင်ယူလေ့လာသည့်အခါတွင် စာပေဘာသာရပ်များကို တတ်မြောက်ထူးချွန်ရုံသာမကဘဲ စာပေပညာသင်ကြား ရခြင်း၏ ရည်ရွယ်ချက်များအတိုင်း ဘက်ပေါင်းစုံက ထူးချွန်ထက်မြက်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း။
- ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ နဝမတန်း လူရည်ချွန် ၁၄၀ ဦး၊ ဒသမတန်းလူရည်ချွန် ၁၄၀ ဦး၊ ဧကာဒသမတန်းလူရည်ချွန် ၁၃၇ ဦးအပြင် ဒွါဒသမတန်း ၁၃၇ ဦး၊ စုစုပေါင်း ၅၅၄ ဦး ရွေးချယ်မွေးထုတ် ပေးနိုင်ခဲ့ကြောင်း။
- မောင်တို့မယ်တို့သည် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့် စိစစ်မှုကိုကျော်ဖြတ်ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသူများဖြစ်သည့်အတွက် ဂုဏ်ယူ သည်ကို ထပ်လောင်းပြောကြားလိုကြောင်း။
- ယခုနှစ် လူရည်ချွန်မောင်မယ်များကို ယခင်နှစ်များအတိုင်း နဝမတန်း လူရည်ချွန် များကို ပုဂံမြို့၊ ဒသမတန်းလူရည်ချွန်များကို တောင်ကြီးမြို့၊ ဧကာဒသမတန်း လူရည်ချွန်များကို ပင်လယ်ကမ်းခြေငွေဆောင်မြို့သို့စေလွှတ်သလို ဒွါဒသမတန်း လူရည်ချွန်များကို ပင်လယ်ကမ်းခြေ ချောင်းသာလူရည်ချွန်စခန်းအသီးသီးကို လေ့လာရေးခရီးစဉ် စေလွှတ်သွားမည်ဖြစ်ကြောင်း။
- ပညာရေးအခြေခံမကောင်းပါက မိမိအတွက်သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန် မဖြစ်နိုင်ကြောင်း။
- ထို့ကြောင့် အခြေခံပညာကဏ္ဍတွင် လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့် အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကိုဆုံးခန်းတိုင်သင်ယူနိုင်ရေးသည် အလွန်အရေးကြီးကြောင်း။
- အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်းနှင့် ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် တာဝန်ရှိသူများ၊ မိဘ များနှင့် ဆရာဆရာမများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်သည်ကို မှာကြားလိုကြောင်း။
- လူရည်ချွန်မောင်မယ်များ လေ့လာရေးခရီးစဉ် တစ်လျှောက်အေးချမ်းပျော်ရွှင် စွာ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ လေ့လာရေး၊ ရေ၊ မီး၊ လျှပ်စစ်နှင့် သန့်ရှင်းရေး၊ ဘေးကင်းလုံခြုံရေး၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေ ချောမွေ့စေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်းဆောင်ရွက် ထားကြောင်း။
- ခရီးစဉ်တစ်လျှောက် ကျန်းမာရေးဂရုစိုက်ရန်နှင့် မိမိတို့နေရပ်သို့ ပြန်ရောက် သည့်အခါ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ ဆောင် ရွက်နိုင်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်း များမှဆရာ၊ ဆရာမများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်လူရည်ချွန် မောင်မယ်များ၊ ကင်းထောက်လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၄-၂၀၂၄)
- မောင်တို့မယ်တို့လူငယ်များသည် ပြည့်ခွန်အားများဖြစ်သကဲ့သို့ နိုင်ငံတော် တည်ဆောက်ရေးအတွက်အရေးကြီးသည့် လူ့စွမ်းအားအရင်း အမြစ်များလည်းဖြစ်။
- မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေ။
- လူငယ်မောင်မယ်များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ် ကြိုးပမ်းအားထုတ်သွား ကြရမည်ဖြစ်။
- နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ။
Add new comment