တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော နတ်မောက်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ခိုင်းရန်အတွက် လမ်းသွားလမ်းလာများနှင့် ကွင်းကြီးကျေးရွာ၊ အောင်သာကျေးရွာ၊ သီးချောင်းကျေးရွာနှင့် ထနောင်ကုန်း ကျေးရွာတို့မှ လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက်ခေါ်ဆောင်သွားဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အကြမ်းဖက်သမားများ ဝင်ရောက်ခိုအောင်းမှုမရှိစေရန် နယ်မြေလုံခြုံ ရေးတာဝန်များကိုသာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော အောင်လံမြို့ စစ်ဆေးရေး ဂိတ်တွင် လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းခံထားရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်နေခြင်းသာဖြစ်ကြောင်းနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သွားခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံ ရေးဆောင်ရွက်စဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဆိုပါကျေးရွာပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၄-၂၀၂၄)

  • နတ်မောက်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ခိုင်းရန်အတွက် လမ်းသွားလမ်းလာများနှင့် ကွင်းကြီးကျေးရွာ၊ အောင်သာကျေးရွာ၊ သီးချောင်း ကျေးရွာနှင့် ထနောင်ကုန်းကျေးရွာတို့မှ လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ခေါ်ဆောင်သွားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးလျက် ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းခံထားရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက် ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက် သမားများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဆိုပါ ကျေးရွာပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့။

Add new comment