ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ လေးသိန်းကျော်ရှိ

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်   မန်းရွှေ စက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း  စုစုပေါင်းတည်းခိုဆောင် ၆၀ နီးပါး၌ အခန်းပေါင်း ၁,၀၀၀ ကျော်နှင့်   ဈေးဆိုင်ခန်းပေါင်း   ၈၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီး  ဘုရား ဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်စေရန် တည်းခိုဆောင်များ၌ ညအိပ်တည်းခိုခွင့်ပြုကာ  အခန်းငှားရမ်းခများကိုလည်း  သတ်မှတ်ဈေးနှုန်းထက်   ပိုမို ကောက်ခံခြင်း မပြုရန် မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့မှ ကြပ်မတ်ဆောင် ရွက်ခဲ့ပါသည်။

ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာ လနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပခဲ့ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ် အရပ်ရပ်မှ လာရောက်သူဦးရေ  လေးသိန်းကျော်ရှိကြောင်း မန်းရွှေစက်တော်ရာ ဘုရား ဂေါပကအဖွဲ့မှ သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၄-၂၀၂၄)

  • ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာ လနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပခဲ့ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ် အရပ်ရပ်မှ လာရောက်သူဦးရေ  လေးသိန်းကျော်ရှိ။

Add new comment