၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၆၆,၉၉၈ ဒသမ ၉၅၆ တန်နှင့် နယ်စပ်မှ ၁,၂၁၂ ဒသမ ၁၇ တန် စုစုပေါင်း  ၆၈,၂၁၁ ဒသမ ၁၂၆ တန် တင်ပို့နိုင် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၈၆ သန်းရရှိခဲ့။
  • ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂,၀၀၀ ခန့်ကို နယ်စပ် ကုန်သွယ်ရေးနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းတို့မှတစ်ဆင့် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပသို့သတ္ထုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၁ ဒသမ ၀၃ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၄-၂၀၂၄)

  • ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၆၈,၂၁၁ ဒသမ ၁၂၆ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၈၆ သန်းရရှိခဲ့။
  • ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂,၀၀၀ ခန့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ။
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပသို့သတ္ထုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၁ ဒသမ ၀၃ သန်းရရှိခဲ့။

 

Add new comment