တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့ကို တပ်မတော်က ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ မူးဝေအော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရ ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ တပ်မတော် အနေဖြင့် ဓာတုအဆိပ်ဗုံးများ အသုံးမပြုခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား ချေမှုန်းရေးစစ်ဆင်ရာတွင် ပြည်သူများနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင် ဆိုင်ကယ်စီးနင်းနေသည့် ပြည်သူ ၈၀ ခန့်အား တပ်မတော်က အကြောင်းမဲ့ဖမ်း၍ စစ်မှုထမ်းဆောင်ရန်အတွက် ခေါ်ဆောင်သွားဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ The Irrawaddy မှ တင်ထားသော မြင်းခြံမြို့မှ ကျေးရွာ ၅ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့ဟူ သည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာများ အတွင်း ဝင်ရောက်နေရာယူထားသည့် PDF အကြမ်းဖက်သမားများက နယ်မြေ လုံခြုံရေးလာရောက်ဆောင်ရွက်သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးရွာများ အတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဆုတ်ခွာထွက်ပြေးစဉ် လမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၄-၂၀၂၄)

  • ကော့ကရိတ်မြို့ကို တပ်မတော်က ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ မူးဝေအော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် ဓာတု အဆိပ်ဗုံးများ အသုံးမပြုခဲ့ကြောင်း သိရှိရ။
  • ဖြူးမြို့တွင် ဆိုင်ကယ်စီးနင်းနေသည့် ပြည်သူ ၈၀ ခန့်အား တပ်မတော်က အကြောင်း မဲ့ဖမ်း၍ စစ်မှုထမ်းဆောင်ရန်အတွက် ခေါ်ဆောင်သွားဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • မြင်းခြံမြို့မှ ကျေးရွာ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးစဉ် လမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရှိရ။

 

 

 

Add new comment