နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) ကို ဧပြီလ ၂၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • နိုင်ငံ့စီးပွားရေးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံ ရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း စီးပွားရေး အရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများနှောင့်နှေး ပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း။
  • အဆိုပါအချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန် လာပြီး နိုင်ငံ့စီးပွားပိုမိုတိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင် မည်ဖြစ်ကြောင်း။
  • နိုင်ငံအတွင်း၌ စားရေရိက္ခာဖူလုံမှုရှိစေရေး အမြဲဆောင်ရွက်နေရန်လိုကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ၏စိုက်ပျိုးစွမ်းအားများလည်း တိုးတက်လာ မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာထုတ်လုပ် နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိသည့်နိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံတကာတွင် စားနပ်ရိက္ခာလုံခြုံရေး Food Security ကို အထောက်အကူ ပြုနိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊
  • ဆီထွက်သီးနှံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံထွက်ကုန်များကို ပြည်ပသို့တင်ပို့နေခြင်းများလည်းရှိကြောင်း။
  • ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို များစွာဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သဖြင့် ပြည်ပငွေသုံးစွဲမှုများစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံတွင် ဝါဂွမ်းများစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အချို့ကိုပြည်ပသို့ တင်ပို့ လျက်ရှိပြီး အချို့ကိုပြည်တွင်း၌ သုံးစွဲနေသည်ကိုတွေ့ရကြောင်း၊ အလားတူ ပြည်ပမှ ချည်နှင့်ပိတ်များကိုလည်း ပမာဏများစွာ တင်သွင်းနေရကြောင်း။
  • ဝါစိုက်ပျိုးထုတ်လုပ်မှုကိုလည်း အဆင့်မီသည့် ဝါဂွမ်းများထုတ်လုပ်နိုင်သည့် အထိ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှချည်နှင့်ပိတ်များ တင်သွင်းမှုကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • ယခုအခါ ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သဘာဝဘေး အန္တရာယ်ကို ရှောင်ရှားနိုင်ခြင်း မပြုနိုင်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်မှုများဖြင့် လျှော့ချနိုင်ကြောင်း။
  • သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာ ရှိပြီးဖြစ်သဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသများအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်အခြေအနေအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။
  • ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန် စေရေးနှင့် ပရိဘောဂများပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေး ထားရန်လိုကြောင်း။
  • အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင် ရွက်ထားကြရန်လိုကြောင်း။
  • အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ကျောင်းများ ပြန်လည် ကောင်းမွန်စေရေးနှင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံးဖွင့်လှစ် သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
  • အားကစားနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လှုပ်ရှားမှုအားနည်းချက်များရှိနေဆဲ ဖြစ်သည်ကို တွေ့မြင်နေရကြောင်း၊ ယှဉ်ပြိုင်မှုရှိမှသာ တိုးတက်မှုရှိမည်ဖြစ်သဖြင့် အားကစားသမားများ စဉ်ဆက်မပြတ် ယှဉ်ပြိုင်နိုင်ရေးအားကစားပွဲများကို ဒေသ အလိုက် ကျင်းပပေးနေရန်လိုကြောင်း။
  • နိုင်ငံ၏အားကစားအဆင့်အတန်းကို မဖြစ်မနေမြှင့်တင်ပေးရန် လိုအပ်သည့်အတွက် မိမိတို့အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့ပါသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် အထွေထွေ ဆွေးနွေးခြင်းအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဝါစေ့ဆီကြိတ်စက် နှင့် ဝါကြိတ်စက်များ ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုနှင့် ဝါသီးနှံမှ တစ်ဆင့် စားသုံးဆီနှင့် အရည်အသွေးမီချည်မျှင်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က ပြည်ပသို့ အလုပ် သမားများစေလွှတ်ပေးနိုင်မှု အခြေအနေများကိုလည်ကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြည့်စွက်ပြောကြားရာတွင်-

  • ကျေးလက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များလှူဒါန်းရာတွင် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်စေရေးအတွက် စာအုပ်စာစောင် များကို ဦးစားပေးအနေဖြင့် လှူဒါန်းကြစေလိုကြောင်း။
  • အားကစားနှင့်ပတ်သက်၍လည်း အပျော်တန်းအဆင့်မှစ၍ Professional အဆင့်သို့ သွားရခြင်းဖြစ်သဖြင့် သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြများ၏ အရည် အချင်းများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အားကစား အသင်းများ စတင်ဖွဲ့စည်းစဉ်ကပင် စနစ်တကျဖြင့် လေ့ကျင့်ပေးရန်လိုကြောင်း ဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်-

  • လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိ ဖြင့် အသုံးချနိုင်ရေး မိဘများနှင့် တာဝန်ရှိသူများအနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန် လိုကြောင်း။
  • လူငယ်များသည် တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ် လူရွယ်များ၏ အကျင့်စာရိတ္တများကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရရှိပြီး တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်း လိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန် လိုကြောင်း။
  • ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ပညာသင်ကြားရာတွင် အခြေခံမှစ၍ သိရှိနားလည်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် မိဘ၊ ဆရာနှင့်တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်း၍ အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၄-၂၀၂၄)

  • မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာထုတ်လုပ်နိုင် သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိသည့်နိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံတကာ တွင် စားနပ်ရိက္ခာလုံခြုံရေး Food Security ကို အထောက်အကူ ပြုနိုင်သည့် နိုင်ငံတစ်ခုဖြစ်။
  • ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို များစွာဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သဖြင့် ပြည်ပငွေသုံးစွဲမှုများစွာ လျှော့ချနိုင်မည်ဖြစ်။
  • မိမိတို့နိုင်ငံတွင် ဝါဂွမ်းများစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အချို့ကိုပြည်ပသို့ တင်ပို့လျက် ရှိပြီး အချို့ကိုပြည်တွင်း၌ သုံးစွဲနေသည်ကိုတွေ့ရ၊ အလားတူ ပြည်ပမှ ချည်နှင့် ပိတ်များကိုလည်း ပမာဏများစွာ တင်သွင်းနေရ၊ ဝါစိုက်ပျိုးထုတ်လုပ်မှုကိုလည်း အဆင့်မီသည့် ဝါဂွမ်းများထုတ်လုပ်နိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်လို။
  • ယခုအခါ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သဘာဝဘေး အန္တရာယ်ကို ရှောင်ရှားနိုင်ခြင်း မပြုနိုင်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ကြိုတင်ပြင်ဆင်မှုများဖြင့် လျှော့ချနိုင်၊ ပင်လယ်ကမ်းရိုးတန်း ဒေသများအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်အခြေအနေ အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လို။
  • အားကစားနှင့်ပတ်သက်၍လည်း အပျော်တန်းအဆင့်မှစ၍ Professional အဆင့်သို့ သွားရခြင်းဖြစ်သဖြင့် သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြများ၏ အရည် အချင်းများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်လို။
  • လူငယ်များသည် တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ် လူရွယ်များ၏ အကျင့်စာရိတ္တများကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရရှိပြီး တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်း လိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန်လို။

Add new comment