ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ဆန်အိတ်များထောက်ပံ့

AA သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့ရှိ ကွန်တိုင်ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ အကြောင်းမဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့်  အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများက ယာယီခိုလှုံရာစခန်း ၃ ခုတွင် ခေတ္တခိုလှုံ နေထိုင်လျက်ရှိပါသည်။

ဧပြီလ ၂၂ ရက်တွင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များထောက်ပံ့ ပေးအပ်ခြင်းကို အဆိုပါမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စု အတွက် ဆန်အိတ် ၁,၀၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၄-၂၀၂၄)

  • ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်း ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စုအတွက် ဆန်အိတ် ,၀၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့။

Add new comment