ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုနှစ်သုံးလတာကာလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော အစင်းရေ ၁၅၇ စင်းဝင်ရောက် ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ခဲ့

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောလိုင်းများမှ ကုန်တင်သင်္ဘော အစင်းရေ ၁၅၇ စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ခဲ့ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာ ကုန် တင်သင်္ဘောအစင်းရေ  ၆၂၉  စင်း ဝင်ရောက်ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ၄၉ စင်း၊ ဖေဖော်ဝါရီလက ၅၃ စင်း၊ မတ်လက ၅၅ စင်း စုစုပေါင်း ၁၅၇   စင်း   ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း၊ ဧပြီလတွင် အစင်းရေ ၅၀  ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၂၀-၄-၂၀၂၄)

 

 

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုနှစ်သုံးလတာကာလအတွင်း နိုင်ငံ တကာ ကုန်တင်သင်္ဘောအစင်းရေ ၁၅၇ စင်းဝင်ရောက် ဆိုက်ကပ်ကုန်သွယ်မှု ပြုလုပ်ခဲ့။
  • ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေ ၅၀  ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်မည်ဖြစ်။

 

Add new comment