ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူများသည် မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ် နှစ်သစ်ကူးအခါသမယအား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဧပြီလ ၁၈ ရက်တွင် အောက်ပါအတိုင်း မေတ္တာပို့ ဆုမွန်ကောင်း တောင်းခဲ့ကြပါသည်။
- ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ (ဗုဒ္ဓဘာသာ) က “မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများ တိုင်းရင်းသား များနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းများ ပြည့်စုံကြလျက် အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင် နိုင်ကြပါစေကြောင်း” ဆုတောင်းမေတ္တာပို့သခဲ့။
- ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ) က “နှစ်ဟောင်းမှာရှိခဲ့တဲ့ စိတ်ထိခိုက်စရာ၊ စိတ်ပူပန်စရာတွေ ရှိခဲ့ပါက အခက်အခဲတွေအားလုံးကို ဖယ်ရှားပြီး မြန်မာ့နှစ်သစ်ကူးမှာ စိတ်သစ်၊ လူသစ်၊ အမြင်သစ်၊ အတွေးသစ်၊ စီးပွားရေးအသစ်များနဲ့ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ကြီးပွားတိုးတက်ကြပါစေကြောင်း” ဆုတောင်မေတ္တာပို့သခဲ့။
- ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ) က “ယခုနှစ်သစ်ကူးအခါသမယမှာ နိုင်ငံသူ နိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး ငြိမ်းချမ်းပျော်ရွှင်ပြီး နိုင်ငံတော်အေးချမ်းသာယာရေး အတွက် ဝိုင်းဝန်းကူညီ သယ်ပိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့။
- ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသောမတ်စ် (ခရစ်ယာန်ဘာသာ) “မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယမှာ မကောင်းမှုအညစ် အကြေးများအားလုံးကို ဆေးကြောသန့်စင်ခဲ့ကြပြီး မြန်မာပြည်သူပြည်သားများ အားလုံး ပေါင်းစည်းညီညွတ်မှုနှင့် သဟဇာတဖြစ်မှု၊ စာနာကရုဏာနှင့် မေတ္တာ တရားများကိုရှေ့ထားပြီး ၁၃၈၆ ခု နှစ်သစ်ခရီးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံ အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၄-၂၀၂၄)
- ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူများသည် မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ် နှစ်သစ်ကူးအခါသမယအား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် “မြန်မာနိုင်ငံသူနိုင်ငံသားများ၊ တိုင်းရင်းသားများနှင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံ ကြစေကြောင်း၊ နှစ်ဟောင်းမှာရှိခဲ့တဲ့ စိတ်ထိခိုက်စရာ၊ စိတ်ပူပန်စရာတွေရှိခဲ့ပါက အခက်အခဲတွေအားလုံးကို ဖယ်ရှားနိုင်ကြစေကြောင်း၊ မြန်မာပြည်သူပြည်သားများ အားလုံး ပေါင်းစည်းညီညွတ်မှုနှင့် သဟဇာတဖြစ်မှု၊ စာနာကရုဏာနှင့် မေတ္တာတရား များကို ရှေ့ထားပြီး ၁၃၈၆ ခု နှစ်သစ်ခရီးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံအောင်မြင်စွာ လျှောက်လှမ်း နိုင်ပါစေကြောင်း” ဆုတောင်းမေတ္တာများ ပို့သခဲ့ကြ။
Add new comment