ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတား အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ဧပြီလ ၂၀ ရက်တွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့က နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး တည်ငြိမ်အေးချမ်း မှုကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုတို့အား ကြောက်ရွံ့ထိတ်လန့်စေရန်စသည့် ရည်ရွယ် ချက်များဖြင့် လက်နက်ကြီးများ အသုံးပြုကာ အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခြင်းတို့ကို သာလွန်အင်အားအသုံးပြု၍ တိုက်ပွဲဖော်ဆောင် လာခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး ဆင်ခြင်တုံတရားမဲ့စွာဖြင့် ပစ်ချတိုက် ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှုမရှိစေရေး တို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်း ပစ်ကူပစ်အားရယူ၍ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၄-၂၀၂၄)
- KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့က ထိုင်း - မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့။
- နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး ဆင်ခြင်တုံတရားမဲ့စွာဖြင့် ပစ်ချတိုက်ခိုက်ခြင်း ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်း ရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှုမရှိစေရေးတို့ အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်း ပစ်ကူပစ်အားရယူ၍ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့။
Add new comment