တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ရွာအသီးသီးတို့တွင် မြန်မာ့ရိုးရာအတာ သင်္ကြန်မဏ္ဍပ်ပိတ်ပွဲများ အသီးသီးပြုလုပ်ခဲ့ကြပြီး ရေကစားသူများနှင့် စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကား

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ပိတ်ပွဲများကို ဧပြီလ ၁၆ ရက်၌ နိုင်ငံတစ်ဝန်းလုံးတွင် ဆင်နွှဲကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ယိမ်း အဖွဲ့များ တက်ရောက်ကြခဲ့ကြပါသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ရွာအသီးသီးတို့၌ ရေကစား မဏ္ဍပ်များတွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ပိတ်ပွဲများကို ကျင်းပခဲ့ကြရာ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များ၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော် များက DJ , Music Band များနှင့် တွဲဖက်၍ ပရိတ်သတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိပြီး စတုဒိသာ ကျွေးမွေးလှူဒါန်းသူများ၊ ဘုရားစေတီပုထိုးများတွင်လည်း ဘုရားဖူးလာသူများ၊ ဥပုသ် သီလစောင့်ကြသူများဖြင့် စည်ကားခဲ့ပါသည်။

          မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများကို ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် ကိုရီးယား K-Pop အနုပညာရှင် ၂၄ ဦးသည် မြန်မာနိုင်ငံသို့ ဧပြီလ ၉ ရက်၌ ရောက်ရှိခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများစိတ်အပန်းပြေစေရန် အကောင်းဆုံးဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (ကြေးမုံသတင်းစာ ၁၇-၄-၂၀၂၄)

  • မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ပိတ်ပွဲများကို နိုင်ငံ တစ်ဝန်းလုံးတွင် ဆင်နွှဲကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တက်ရောက်ခဲ့။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ရွာအသီးသီးတို့တွင် မြန်မာ့ရိုးရာအတာ  သင်္ကြန်မဏ္ဍပ်ပိတ်ပွဲများ အသီးသီးပြုလုပ်ခဲ့ကြပြီး သင်္ကြန်မဏ္ဍပ်များတွင် ရေကစား သူများနှင့် စတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကားခဲ့။
  • ကိုရီးယား K-Pop အနုပညာရှင် ၂၄ ဦးသည် မြန်မာနိုင်ငံသို့ ဧပြီလ ရက်၌ ရောက်ရှိခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ စိတ်အပန်းပြေစေရန် အကောင်းဆုံးဖျော်ဖြေတင်ဆက်ခဲ့။

 

Add new comment