နေပြည်တော် လမ်းလျှောက်သင်္ကြန်၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းတော့မည့် မြန်မာ့ ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုင်ငံခြားသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ လာအို၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလား​​ဒေ့ရှ်၊ ဘရာဇီး နိုင်ငံ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ စစ်သံရုံးများမှ စစ်သံမှူးများ၊ သံတမန်များနှင့် ၎င်းတို့၏မိသားစုဝင်များက ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)၌ နေပြည်တော် မြို့တော်ဝန်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါသည်။

  • ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ နိုင်ငံခြားသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ တာဝန်ရှိသူများ သည် ဝန်ကြီးဌာနကိုယ်စားပြုယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များ၊ ကိုရီးယား နိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော်များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးခဲ့။
  • မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက “သင်္ကြန်မိုး” တေးသီချင်းဖြင့်လည်း ကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tavrida. art အနုပညာအဖွဲ့မှ အနုပညာ ရှင်များအဖွဲ့က တေးသီချင်းများဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြရာ တက် ရောက်လာကြသူများက မြူးကြွသည့်တေးသီချင်းသံစဉ် စည်းချက်များနှင့်အတူ ပျော်ရွှင်စွာကခုန်ဆင်နွှဲခဲ့။

ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားသံရုံး အသီးသီးမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများသည် နေပြည်တော်လမ်းလျှောက် သင်္ကြန်သို့ ရောက်ရှိကြရာ ဝန်ကြီးဌာနအလိုက် ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ယိမ်းအဖွဲ့များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင် များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ နေပြည်တော်မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ အတူ တကွပါဝင်ဆင်နွှဲကြပြီး မြန်မာ့နှစ်သစ်ကူးဆုတောင်းစကားသံများကိုလည်း ကြားသိခဲ့ရ ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၁၆-၄-၂၀၂၄)

  • နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများ နေပြည်တော်လမ်းလျှောက် သင်္ကြန် ရှိ ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင် များ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ နေပြည် တော်မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာ့ နှစ်သစ်ကူးအတွက် ဆုတောင်းစကားများ ပို့သခဲ့။

 

Add new comment