အကြမ်းဖက်​သမားများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ အကြမ်းဖက်သမားများက ဧပြီ လ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာ၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ရပ်ကွက်နေပြည်သူ ၁ ဦး၊ စုစုပေါင်း ၁၂  ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော ဘုန်းတော်ကြီးကျောင်း၊ ပြည်သူ့ဆေးရုံ နှင့် လူနေရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်းYMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ပြည် ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိ အသင်းတော်(ပဲခူး)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ ချုပ်၊  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာ နိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီး သီးထုတ်ပြန်ခဲ့ကြကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၁၆-၄-၂၀၂၄)

  • အကြမ်းဖက်​သမားများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ စစ်ရေးနှင့်မသက်ဆိုင်သော ဘုန်းတော်ကြီးကျောင်း၊ ပြည်သူ့ဆေးရုံနှင့် လူနေရပ်ကွက်များအတွင်းသို့ ရှော့ တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း အဖွဲ့အစည်း ၂၀ ဖွဲ့မှ သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့။

Add new comment