နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ-
-
စီမံကိန်းဧရိယာသည် အပူပိုင်းဒေသဖြစ်သဖြင့် စီမံကိန်းနယ်မြေဧရိယာအစပ်များနှင့် လစ်လပ်မြေနေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်ဖြစ်ကြောင်း။
-
စက်မှုဇုန်နယ်မြေအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရာ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်လျှောက်ထားစေခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန် စေမည်ဖြစ်ကြောင်း။
-
လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးထားသည့် လျှပ်စစ်ဓာတ်အားအပြင် မိုးရွာရက်နည်းပြီး ပူပြင်းသည့်ဒေသဖြစ်သည့်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
မြင်းခြံမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်အကြားရှိ မြေဧက ၃,၀၀၀ ကျော်ကို မွေးမြူရေးဇုန် အဖြစ်ဆောင်ရွက်ရန်နှင့် မွေးမြူရေးဇုန်အတွင်းသို့ ရေရရှိရေးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍လည်း တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
-
မွေးမြူရေးဇုန်များအဖြစ် သတ်မှတ်ဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းနိုင်မည့် စနစ်ကျနသည့် မွေးမြူရေးစနစ်ဖြစ်စေရေးအတွက် ရေရှည်ကိုမျှော်တွေး၍ သေချာစွာတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။
-
မွေးမြူရေးဇုန်အတွင်း ဧရိယာတစ်ခုသတ်မှတ်၍ solar plants တစ်ခု ဆောင်ရွက်ပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မြစ်ရေတင်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်နေရာများတွင် အသုံးချနိုင်မည်ဆိုပါက အကျိုးအမြတ်ရရှိနိုင်ကြောင်း။
-
မြေဧရိယာများအား မွေးမြူရေးဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်ရာတွင် ဥပဒေနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးမှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်မှုဇုန်နယ်မြေအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့်အခြေအနေ၊ ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်ဆောင်ရွက်နိုင်မည့် အခြေအနေ များအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရှိခဲ့ပါသည်။
-
မန္တလေး-မြို့သာ စက်မှုဇုန်နယ်မြေအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရာ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်လျှောက်ထားစေခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက် ရာ၌ ပိုမိုမြန်ဆန်စေမည်ဖြစ်။
-
မွေးမြူရေးဇုန်များအဖြစ် သတ်မှတ်ဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းနိုင်မည့် စနစ်ကျနသည့် မွေးမြူရေးစနစ်ဖြစ်စေရေးအတွက် ရေရှည်ကိုမျှော်တွေး၍ သေချာစွာတွက်ချက်ဆောင်ရွက်ကြရန်လို။
-
စက်မှုဇုန်နယ်မြေအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့်အခြေအနေ၊ ဒေသ၏စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်ဆောင်ရွက်နိုင်မည့် အခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုက်လံစစ်ဆေးကြည့်ရှုခဲ့။
Add new comment