အကြမ်းဖက်သမားများက ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

NUG၊ PDF အကြမ်းဖက်သမားများသည် ဧပြီလ ၁၄ ရက်၊ ည ၉ နာရီခွဲနှင့် ၁၀ နာရီခွဲကြားတွင် ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှု အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

  • ပြင်ဦးလွင်စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီးအရိုးကုသဆောင်၊ Luxury Hotel အနီးတစ်ဝိုက်နှင့် ရပ်ကွက် ကြီး (၅) ဘက်တွင်ရှိသော အရပ်သားနေအိမ်များအပေါ် စသည့်နေရာ ၈ နေရာ တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း။
  • ဖြစ်စဉ်ကြောင့် အောင်မြေဇေယျာဘုန်းကြီးကျောင်းအတွင်း၌ ရှိနေသည့် သံဃာ တော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရ ၁၂ ဦး ရှိခဲ့ကြောင်း၊ အဆိုးဆုံးအနေဖြင့် ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသ ဆောင်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကလေးငယ်များအပါ အဝင် ၁၁ ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။
  • အထက်ပါအကြမ်းဖက်လုပ်ရပ်များသည် NUG၊ PDF အမည်ခံအကြမ်းဖက် သမားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မကြာခင်ကလည်း ဒီအကြမ်းဖက်သမား များအနေဖြင့် ပြင်ဦးလွင်နှင့် မန္တလေးဆက်သွယ်ထားသည့် ကားလမ်း၊ ပြင်ဦးလွင်မြို့ အဝင်နေရာတွင် ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း။
  • အကြမ်းဖက်သမားများက စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း အထက်ပါဖြစ်စဉ်များအရ ပြင်ဦးလွင် မြို့ရှိ အချက်အချာကျသည့် နေရာများအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း။  
  • ပြည်သူ့ဆေးရုံကြီး၊ Luxury Hotel အနီးတစ်ဝိုက်နှင့်  ရပ်ကွက်ကြီး (၅) ရှိ လူနေ အိမ်များသည် သိသာထင်ရှားသည့်နေရာများဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ အနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်နိုင်ရေးအတွက် ဖြစ်စဉ်တစ်ခုဖြစ်လာတိုင်းမှာ စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်တယ် ဆိုတဲ့အကြောင်းပြချက်မျိုးပေးပေမယ့် လက်တွေ့တွင် ပြည်သူ့ဘဝလုံခြုံ တည်ငြိမ်မှုမရှိစေရေးအတွက် ပြည်သူလူထုရဲ့ အဓိကနေရာတွေကိုပဲထားပြီး တိုက်ခိုက်တာကို တွေ့ရမည်ဖြစ်ကြောင်း။
  • ၎င်းတို့အသုံးပြုသွားသည့် လက်နက်/ခဲယမ်းများသည် EAO အဖွဲ့များ အသုံးပြု လျက်ရှိသည့် လက်နက်/ခဲယမ်းများပင်ဖြစ်ကြောင်း၊ ယခင်က ပြင်ဦးလွင်တစ်ဝိုက် ကို ဝင်ရောက်လာတဲ့ EAO အဖွဲ့များ၊ မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ရှိနေသည့် EAO အဖွဲ့များထံမှ ရသည့်လက်နက်များဟု သုံးသပ်ရကြောင်း။
  • အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် ရှော့တိုက်ဒုံးများသည် အဆင့်မြှင့် တင်ထားပြီး အဝေးသို့ ပစ်ခတ်နိုင်အောင် ပြုလုပ်ထားတာမျိုးတွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်မှုနှိမ်နင်းရေးများကို ပြတ်သားစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုများနှင့် ပတ် သက်ပြီး မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း၊ လိုအပ်သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများကို ရှာဖွေထိန်းသိမ်းမှုများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်  ဘဝလုံခြုံအေးချမ်းဖို့ အကြမ်းဖက်မှု ကို ဝိုင်းဝန်းချေမှုန်းကြဖို့လိုနေပြီဖြစ်ကြောင်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့လိုနေ ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သတင်းရင်းမြစ်။ (ကြေးမုံသတင်းစာ ၁၆-၄-၂၀၂၄)

  • ပြင်ဦးလွင်စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီးအရိုးကုသဆောင်၊ Luxury Hotel အနီးတစ်ဝိုက်နှင့် ရပ်ကွက် ကြီး (၅) ဘက်တွင်ရှိသော အရပ်သားနေအိမ်များအပေါ် စသည့်နေရာ ၈ နေရာ တွင် ကျရောက်ပေါက်ကွဲခဲ့။
  • အကြမ်းဖက်သမားများက စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း အထက်ပါဖြစ်စဉ်များအရ ပြင်ဦးလွင် မြို့ရှိ အချက်အချာကျသည့် နေရာများအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်။
  • ၎င်းတို့အသုံးပြုသွားသည့် လက်နက်/ခဲယမ်းများသည် EAO အဖွဲ့များ အသုံးပြု လျက်ရှိသည့် လက်နက်/ခဲယမ်းများပင်ဖြစ်၊ ယခင်က ပြင်ဦးလွင်တစ်ဝိုက်ကို ဝင်ရောက်လာတဲ့ EAO အဖွဲ့များ၊ မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ရှိနေသည့် EAO အဖွဲ့များထံမှ ရသည့်လက်နက်များဟု သုံးသပ်ရ။
  • အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် ရှော့တိုက်ဒုံးများသည် အဆင့်မြှင့်တင် ထားပြီး အဝေးသို့ ပစ်ခတ်နိုင်အောင် ပြုလုပ်ထားတာမျိုးတွေ့ရ။

Add new comment