နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဧပြီလ ၁၇ ရက်တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယအတွက် အောက်ပါအတိုင်း နှုတ် ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

  • ယနေ့ကျရောက်သည့် မြန်မာနှစ်သစ်ကူးအခါသမယတွင် မြန်မာနိုင်ငံအတွင်း တွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်း လုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ကြောင်း။
  • ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပြီး ဖြစ်ကြောင်း။
  • ယခုနှစ်သစ်တွင်လည်း ကျွန်တော်တို့အစိုးရအနေဖြင့် ပြည်သူအားလုံး၏ ဇွဲ၊ သတ္တိ၊ ခိုင်မာသည့်ယုံကြည်ချက်တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူအားလုံး လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့်မတ် ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက် နေကြောင်း။
  • နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေဖို့အတွက် လိုအပ် သည့် အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေဖို့လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • အထူးသဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံအတွက် အရေးကြီးသည့် အတွက် ကျွန်တော့်အနေဖြင့် အထူးမေတ္တာရပ်ခံလိုသည်မှာ လာမည့်ပညာ သင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး နိုင်ငံသူ နိုင်ငံသားများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း။
  • တစ်ဆက်တည်းမှာပဲ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ဖို့အတွက်လည်း ကုန်ထုတ်လုပ်မှု နယ်ပယ်အားလုံးက ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အခက်အခဲ အကျပ် အတည်းမျိုးစုံကြားက နိုင်ငံ့စီးပွားအတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပိတ်ဆို့တားဆီးမှုအပါအဝင် အခက်အခဲအချို့သာ မရှိခဲ့ရင် နိုင်ငံ့စီးပွားဟာ ဒီထက်မက များစွာတိုးတက်နေမှာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ကြောင်း။
  • အလားတူ တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်မည် ဖြစ်သည့်အတွက် ကျွန်တော်တို့အစိုးရအနေဖြင့် နိုင်ငံ၏ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း။
  • ပြီးခဲ့သည့် နှစ်ဟောင်းကာလအတွင်း အရှည်မမြော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အချို့သော ကိုယ်ကျိုးအတ္တ လွန်ကဲသူများသည် ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြကြောင်း။
  • ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲရောက်အောင် တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်သောကြောင့် အရှည်ကိုမြော်တွေးပြီး ဆောင် ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲ အောင် သပ်လျှိုသွေးခွဲနေတာကို ကျွန်တော်တို့အားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့ တုံ့ပြန်ပြသဖို့ လိုကြောင်း ပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံတော်ဝန်ကြီး ချုပ်က “စုပေါင်းညီညာ အောင်ကြောင်းဖြာ”၊ “ကြိုးစားအားထုတ်မှုကောင်းမှ ရလဒ် ကောင်းမည်” ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး နှစ်ဟောင်းက တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ် များကို သုံးသပ်ကာ လာမည့်နှစ်သစ်တွင် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းပြီး နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ပေးကြဖို့ ပြောကြားရင်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားအပ်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

သတင်းရင်းမြစ်။ (ကြေးမုံသတင်းစာ ၁၇-၄-၂၀၂၄)

  • နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပြီး ယခုနှစ်သစ်တွင်လည်း ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူအားလုံး လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့်မတ် ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက် လျက်ရှိ။
  • နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေဖို့အတွက် လိုအပ် သည့် အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေဖို့လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
  • တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်မည် ဖြစ်သည့်အတွက် ကျွန်တော်တို့အစိုးရအနေဖြင့် နိုင်ငံ၏ငြိမ်းချမ်းရေးကို ရေတို ကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • နှစ်ဟောင်းကာလအတွင်း အရှည်မမြော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂ တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အချို့သော ကိုယ်ကျိုးအတ္တ လွန်ကဲသူများ သည် ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့။
  • တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲရောက်အောင် တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ ရပြီးဖြစ်သောကြောင့် အရှည်ကိုမြော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလို။

Add new comment