သင်္ကြန်အကြိုရက်မှစတင်၍ ပုဂံသို့ ခရီးသွားဧည့်သည် တစ်သိန်းကျော် နေ့စဉ်ဝင်ရောက်လည်ပတ်လျက်ရှိ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်အကြိုရက်မှစတင်၍ ခရီးသွား ဧည့်သည် တသိန်းကျော် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာများတွင် တည်းခိုနေထိုင်ကြရန် စာရင်းပေးသွင်းမှုမှာ ဟိုတယ်၊ မိုတယ် ၉၀ လုံး ပြည့်နေဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများ ထံမှ သိရှိရပါသည်။

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သူများသည် လေကြောင်း ခရီးဖြင့်‌လည်းကောင်း၊ ကိုယ်ပိုင်ယာဉ်များဖြင့်လည်းကောင်း၊ ခရီးသွားလုပ်ငန်းယာဉ်များ ဖြင့်လည်းကောင်း လာရောက်ကြပြီး ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လျှပ်စစ်စက်ဘီး၊ မြင်းလှည်း၊ မီနီအိုးဝေများ၊ တိုးကားများမှာ အငှားလိုက်ရပြီး ဝင်ငွေကောင်းကာ စားသောက်ဆိုင်များမှာလည်း ရောင်းအားမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (ကြေးမုံသတင်းစာ ၁၇-၄-၂၀၂၄)

  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်အကြိုရက်မှစတင်၍ ခရီးသွားဧည့်သည် တသိန်းကျော် နေ့စဉ်ဝင်ရောက်ကာ စည်ကားလျက်ရှိပြီး စားသောက်ဆိုင်များမှာ လည်း ရောင်းအားမြင့်တက်လျက်ရှိ။

Add new comment