မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက်တွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၄ ရက်တွင် အောက်ပါအတိုင်းထုတ်ပြန်ကြေညာခဲ့ပါသည်။

  • အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူအပြစ်ပေးမှုတွေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • နှစ်သစ်ကူးပွဲဆိုတာသည် အစိုးရတစ်ရပ်တည်းနှင့် သက်ဆိုင်သည့်ပွဲမဟုတ် ကြောင်း၊ မြန်မာပြည်သူပြည်သားအားလုံးနှင့် သက်ဆိုင်သည့်ပွဲဖြစ်ကြောင်း၊ တောထဲ၌ ရောက်နေသော NUG၊ PDF ဆိုတဲ့သူများနှင့်ပါ သက်ဆိုင်သည့်ပွဲ ဖြစ်ကြောင်း၊  ဒီလိုပွဲမျိုးတွင် NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဒါတွေကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ဖို့လိုကြောင်း။
  • အခုဆိုရင်လည်း ကျွန်တော်တို့အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ရှုတ်ချမှု တွေ/ ကန့်ကွက်မှုတွေ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ သို့သော် ဒီလောက်နဲ့မလုံ လောက်သေးကြောင်း။
  • အနည်းဆုံးအဆင့်တော့ ကျွန်တော်တို့ ပြည်သူလူထုအနေဖြင့် ကျွန်တော်တို့ နိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ပျောက်ကွယ်သွားဖို့ဆိုရင်၊ ပြည်သူ့ဘဝလုံခြုံ အေးချမ်းစွာ နေထိုင်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းမှုတွေ၊ သတင်းပေးမှုတွေကို အကြမ်းဖက်သမားတွေ ရပ်တည်လို့ မရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။  
  • တချို့သောပြည်သူတွေအထဲမှာ၊ အနည်းစုအထဲမှာ အထင်အမြင်လွဲမှားပြီး ဒီ NUG၊ PDF ကို ထောက်ခံနေသည့်လူတွေရှိကြောင်း၊ အခုဆိုရင် NUG ၊ PDF ဆိုတာသည် ဘယ်လိုလူစားမျိုးလဲ၊ ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာကို ရှင်းရှင်း လင်းလင်း တွေ့မြင်နိုင်ပြီဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံ ပြည်သူများနှင့် ကလေးငယ်များအတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အထူး ဝမ်းနည်းကြေကွဲရကြောင်း၊ ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာဆေးရုံများတွင် ကာကွယ်စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ ဘဝသာယာဖို့၊ အကြမ်းဖက်မှုကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ဖို့လိုသည်ဟု ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၄-၂၀၂၄)

  • အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူအပြစ်ပေးမှုတွေ ဆောင်ရွက်သွားမည်ဖြစ်။
  • ကျွန်တော်တို့ ပြည်သူလူထုအနေဖြင့် ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်လုပ်ရပ် တွေ ပျောက်ကွယ်သွားဖို့ဆိုရင်၊ ပြည်သူ့ဘဝလုံခြုံ အေးချမ်းစွာ နေထိုင်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းမှုတွေ၊ သတင်းပေးမှုတွေကို အကြမ်းဖက်သမားတွေ ရပ်တည်လို့ မရအောင် ဆောင်ရွက်ရမည်ဖြစ်။
  • တချို့သောပြည်သူတွေအထဲမှာ၊ အနည်းစုအထဲမှာ အထင်အမြင်လွဲမှားပြီး ဒီ NUGPDF ကို ထောက်ခံနေသည့်လူတွေရှိကြောင်း၊ အခုဆိုရင် NUG PDF ဆိုတာသည် ဘယ်လိုလူစားမျိုးလဲ၊ ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပြီဖြစ်။

Add new comment