• ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး၌ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အကြမ်းဖက်တိုက်ဖျက် မှုဆိုင်ရာနည်းလမ်းများ၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစိတ်ဓာတ်ဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မ

AA သောင်းကျန်းသူများသည် ဧပြီလ ၁၂ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဗုံးသီး ၁၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ထို့အပြင် AA သောင်းကျန်းသူအင်အား ၁၀၀ ကျော်ခန့် ကလည်း ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာများအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ပါသည်။

AA သောင်းကျန်းသူအဖွဲ့က ဘင်္ဂါလီကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သောကြောင့် အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃,၀၀၀ ကျော်ခန့်သည် ၎င်းတို့၏ ကျေးရွာ များအား စွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ AA သောင်းကျန်းသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အဆိုပါကျေးရွာများမှ ဘင်္ဂါလီ လူမျိုးအင်အား ၂,၀၀၀ ကျော်ခန့်သည် ဧပြီလ ၁၄ ရက်တွင် ဘူးသီးတောင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ငြိမ်းချမ်းစွာ စုဝေးရောက်ရှိလာပြီး “AA အလိုမရှိ၊ မွတ်ဆလင်များအား လူသားဒိုင်းပြုလုပ်မှု ချက်ချင်းရပ်၊ မွတ်ဆလင် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှု ချက်ချင်းရပ်၊ မွတ်ဆလင်များအား လူမျိုးတုန်း သတ်ဖြတ်မှု ချက်ချင်းရပ်”စသည့်စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်၍ မေယုလမ်းမကြီးမှ ဓညဝတီလမ်းအတိုင်း နာရီစင်လမ်းဆုံ၊ ထိုမှတစ်ဆင့် ဦးဥတ္တမလမ်း အတိုင်း နတ်ပင်ရင်းလမ်းဆုံ၊ ၎င်းမှတစ်ဆင့် မေယုလမ်းမကြီးအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၁၅-၄-၂၀၂၄)

  • AA သောင်းကျန်းသူများသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့။
  • AA သောင်းကျန်းသူအဖွဲ့က ဘင်္ဂါလီကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သောကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃,၀၀၀ ကျော် ခန့်သည် ၎င်းတို့၏ ကျေးရွာများအား စွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့။
  • AA သောင်းကျန်းသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် အဆိုပါကျေးရွာများမှ ဘင်္ဂါလီလူမျိုးများက “AA အလိုမရှိ၊ မွတ်ဆလင် များအား လူသားဒိုင်းပြုလုပ်မှု ချက်ချင်းရပ်၊ မွတ်ဆလင်ကျေးရွာများအား မီးရှို့ ဖျက်ဆီးမှု ချက်ချင်းရပ်၊ မွတ်ဆလင်များအား လူမျိုးတုန်းသတ်ဖြတ်မှု ချက်ချင်းရပ်စသည့်စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်၍ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့။

Add new comment