ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကျင်းပ

အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျှင်မြန်စွာပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးပထမရက်အား ဧပြီလ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်-

  • ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရုရှားတပ်မတော်ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က  အကြမ်းဖက်တိုက်ဖျက်မှု ဆိုင်ရာနည်းလမ်းအား အသေးစိတ်ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးစိတ်ဓာတ်ဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ထပ်လောင်းဆွေးနွေးခဲ့။
  • ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှု ဗဟိုဌာန (National Defence Management Center-NDMC) သို့ သွားရောက်လေ့လာခဲ့။
  • ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမသို့သွားရောက်ကာ ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသည့် အထိမ်းအမှတ်အဖြစ် အစည်းအဝေးမှတ်တမ်းကို ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသော ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေးအပါအဝင် လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) သို့ သွားရောက်လေ့လာ၍ ရုရှား  တပ်မတော်၏ လှုပ်ရှားဆောင်ရွက်မှု သမိုင်းမှတ်တမ်းများအား ကြည့်ရှုလေ့လာခဲ့။
  • ထို့နောက် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်သို့သွားရောက်၍ ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြား‌ပေးသည့် ဌာနများဖြစ်သော မော်တော် ယာဉ်ဌာန၊ နည်းဗျူဟာဌာန၊ UAV နည်းပညာဆိုင်ရာသင်ကြားပို့ချမှု၊ ဆင်မြူ  လေတာဖြင့် လက်တွေ့ပစ်ခတ်တိုက်ခိုက်လေ့ကျင့်မှု၊ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ သင်ကြားပို့ချမှုများ၊ ဗိုလ်လောင်းအိပ်ဆောင်နှင့် စာသင်ခန်းများအား လေ့လာ ကြည့်ရှုခဲ့။

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၃ ရက်တွင် မြန်မာထေရ  ဝါဒဗုဒ္ဓဝိဟာရ (မော်စကို) သို့သွားရောက်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ အနုမောဒနာ တရား မိန့်ကြားခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ပညာသင်ကြားလျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ခေါင်းဆောင်များအားတွေ့ဆုံ၍ အမှာစကားပြောကြားကာ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၄-၂၀၂၄)

  • ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး၌ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အကြမ်းဖက်တိုက်ဖျက် မှုဆိုင်ရာနည်းလမ်းများ၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစိတ်ဓာတ်ဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှု ဗဟိုဌာန (National Defence Management Center-NDMC) သို့ သွားရောက်လေ့လာခဲ့။
  • ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်း အဝေးမှတ်တမ်း လက်မှတ်ရေးထိုးပွဲ ပြုလုပ်ကျင်းပခဲ့။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) နှင့် ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန စစ်တက္ကသိုလ်သို့သွားရောက်၍ ကြည့်ရှုလေ့လာခဲ့။

Add new comment