မြန်မာနိုင်ငံတစ်ဝှမ်း မဟာသင်္ကြန်ရေသဘင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ဆင်နွှဲကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏ စည်းလုံး ညီညွှတ်မှု၊ ပြည်သူနှင့် အစိုးရ၏ ပေါင်းစည်းမှုနှင့် တစ်သားတည်းဖြစ်မှုတို့ကို ဖော် ဆောင်သည့် ပွဲတော်တစ်ခုအဖြစ် ပြသရန် ရည်ရွယ်၍ ယခုနှစ်တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပလျက်ရှိပါသည်။

          အဆိုပါလမ်းလျှောက်သင်္ကြန်အား ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ရိပ်သာလမ်းဆုံအထိ ဇုန်လေးဇုန်သတ်မှတ်ပြီး တိုင်း ရင်းသားသင်္ကြန်ဇုန်၊ စတုဒိသာဇုန်၊ ဝန်ကြီးဌာနသင်္ကြန်ဇုန်နှင့် လူငယ်သင်္ကြန်ဇုန်တို့ကို ခွဲခြား၍ စိတ်ဝင်စားဖွယ်ကျင်းပလျက်ရှိပါသည်။

          ထို့အပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာရေကစားမဏ္ဍပ်များ၊ ရုရှား-မြန်မာ ချစ်ကြည်‌ရေးအသင်းရေကစားမဏ္ဍပ်၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း ရေကစားမဏ္ဍပ်များ၌ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များ၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော် များက DJ ,Music Band များနှင့် တွဲဖက်၍ ပရိတ်သတ်အကြိုက်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်သူ များဖြင့် အထူးစည်ကားလျက်ရှိပါသည်။

          အလားတူ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက်သင်္ကြန်တို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ရွာအသီးသီးတို့၌ ရေကစားမဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်လျက် ရှိသည့်အပြင် ရေသဘင်ပွဲဆင်နွှဲကြသူများအား  စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံ ကျွေးမွေးခြင်း၊ ပျော်ရွှင်စွာ‌ရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲ လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၁၅-၄-၂၀၂၄)

  • မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း လုံးတွင် ဆင်နွှဲကျင်းပလျက်ရှိရာ ယခုနှစ်တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပလျက်ရှိ။
  • နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်းရှိ သက်ဆိုင်ရာ ရေကစားမဏ္ဍပ်များ၌ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များ၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော်များက DJ ,Music Band များနှင့် တွဲဖက်၍ သီဆိုဖျော်ဖြေ ခဲ့ကြရာ နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိ။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ရွာအသီးသီးတို့၌ ရေကစားမဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူ များဖြင့် စည်ကားသိုက်မြိုက်စွာ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ရေသဘင်ပွဲဆင်နွှဲကြသူများအား စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိ။

Add new comment