နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံအလှူငွေများကို ပေးအပ်လှူ ဒါန်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဘုရားပရိဝုဏ်တော်အတွင်းရှိ မြန်မာ့လက်မှုအနုပညာ ပစ္စည်းများပြခန်းနှင့် သမိုင်းပန်းချီပြခန်းတို့ကို လှည့်လည်ကြည့်ရှု၍-
- ခင်းကျင်းပြသထားသည့် ပစ္စည်းများနှင့် ပန်းချီကားများသည် တန်ဖိုးဖြတ်၍မရသည့် သမိုင်းဝင်ပစ္စည်းများ၊ လက်ရာများဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားရှိရန် လိုအပ်သည့်အခြေအနေများ၊
- သမိုင်းအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ပြုစုထားမှသာလျှင် နောင်လာနောက်သားများ အလွယ်တကူလေ့လာနိုင်ပြီး တန်ဖိုးထားနိုင်မည်ဖြစ်သဖြင့် ရှေးဟောင်းပစ္စည်းများ၏ အလှူရှင်များမှတဆင့် ခေတ်ကာလ အထောက်အထားများ၊ အချက်အလက်များကိုပြုစု၍ စနစ်တကျမှတ်တမ်းတင်ထားရှိ ရန် လိုအပ်သည့် အခြေအနေများ၊
- ပြုပြင်မွမ်းမံမှုများပြုလုပ်ရာတွင် မူလအမှတ်အသားနှင့် အထောက်အထားများ ပျောက်ပျက်မှုမရှိစေရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားပရိဝုဏ်တော်အတွင်း လက်ယာရစ်လှည့်လည်ပူဇော်၍ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဟာမုနိပိဋကတ်တိုက်တော်ကြီး ပြုပြင်မွမ်းမံနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၄ ရက်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့။
- နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရားပရိဝုဏ်တော်အတွင်းရှိ ခင်းကျင်းပြသထားသည့် ပစ္စည်းများနှင့် ပန်းချီကားများသည် တန်ဖိုးဖြတ်၍မရသည့် သမိုင်းဝင်ပစ္စည်းများ၊ လက်ရာများဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားရှိရန် လိုအပ်သည့်အခြေအနေများနှင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ် ရာတွင် မူလအမှတ်အသားနှင့် အထောက်အထားများ ပျောက်ပျက်မှုမရှိစေရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့။
Add new comment