မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ လက်လုပ်မိုင်းပေါက်ကွဲ

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့အခါသမယဖြစ်သည့် ဧပြီလ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက်ရှိ မော်တော်ဆိုင်ကယ်ရပ်နားဆောင်အတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ်တစ်စီး၏ အိတ်ဇောအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ် မိုင်း ၂ လုံးပေါက်ကွဲခဲ့မှုကြောင့် အတာရေသဘင်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပါသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများ နှင့်အညီ ရိုးရာမပျက်ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနွယ် သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသား ရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်စသည့် ရည်ရွယ် ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာ့ရိုးရာအတာသင်္ကြန်ရေသဘင်ပွဲတော်ကို ရိုးရာမပျက်ဆင်နွှဲ လျက်ရှိသည့် အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လက်လုပ်မိုင်းများ ဖောက်ခွဲခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ တို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပါသည်။

အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၄-၂၀၂၄)

  • မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှု ကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment