ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်တွင် နေပြည်တော်ဇေယျာသီရိမြက်ခင်းပြင်၌ ကျင်းပခဲ့ရာ အခမ်းအနား သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် အဖွဲ့ဝင်များသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်း အနားအားဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ယိမ်းအဖွဲ့သမီးပျိုများက “မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များအား အောင်သပြေခက်များဖြင့် အတာရေပက်ဖျန်း ပေးခဲ့ကြပါသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း အိမ်ထောင်သည်လိုင်းများ အနီးရှိ စိန်ပန်းမိသားစုရေကစားမဏ္ဍပ်နှင့် မန်ကျည်းရိပ်မိသားစုရေကစားမဏ္ဍပ်တို့၏ ရေကစား မဏ္ဍပ်ဖွင့်ပွဲများကို အသီးသီးသွားရောက် ဖွင့်လှစ်ပေးခဲ့ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ ကြပါသည်။

အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ သင်္ကြန်ယိမ်းအကအဖွဲ့ များ၊ တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွား မည်ဖြစ်ပြီး သင်္ကြန်စတုဒိသာများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၄-၂၀၂၄)

  • ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်၊ စိန်ပန်း မိသားစု ရေကစားမဏ္ဍပ်နှင့် မန်ကျည်းရိပ်မိသားစုရေကစားမဏ္ဍပ်တို့၏ ဖွင့်ပွဲအခမ်း အနားများကို ဧပြီလ ၁၃ ရက်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့။
  • ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ မြဝတီတေးဂီတ အဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တေးသံရှင် များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ပြီး သင်္ကြန် စတုဒိသာများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်။

Add new comment