KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ခန္တီး၊ နန်စီပွန်ဒေသမှ ဒေသခံကျေးရွာသားနှင့် ရွှေ့ပြောင်းလာရောက်အလုပ်လုပ်နေသူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦးသည် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ အထက်ဆိပ်ကျေးရွာသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိ လာပြီး ကျေးရွာနေ ဒေသခံရွာသား ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား ၁၆ ဦးကို ၎င်းတို့နေထိုင်သည့် နေအိမ်နှင့် တဲများအတွင်း လိုက်လံဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါသည်။

KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များအနေဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းဒေသများရှိ ကျေးရွာများတွင် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို ပြုလုပ်နေခြင်းကြောင့် ဒေသခံလူထု  မှာ အကြောက်တရားဖြင့် နေထိုင်နေကြရကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၄-၂၀၂၄)

  • KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ခန္တီး၊ နန်စီပွန်ဒေသမှ ဒေသခံကျေးရွာသား ၂ ဦးနှင့် ရွှေ့ပြောင်းလာရောက်အလုပ်လုပ်နေသူ အမျိုးသား ၁၆ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။

Add new comment