ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင်-
- မိမိတို့နိုင်ငံတွင် လူဦးရေ ၅၆ သန်းခန့်နေထိုင်ကြပြီး မိရိုးဖလာဗုဒ္ဓဘာသာ ကိုးကွယ်မှု ၉၀ ရာခိုင်နှုန်းခန့်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ သန်းနီးပါးခန့်၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၂ သန်းကျော်ခန့်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူ ၅ သိန်း ကျော်ခန့်ရှိပြီး အခြားဘာသာများလည်း ကိုးကွယ်သူများရှိကြကြောင်း။
- မိရိုးဖလာကိုးကွယ်သူများရှိသကဲ့သို့ မိဘကြောင့်၊ ဇနီး၊ ခင်ပွန်းကြောင့် ဘာသာ ပြောင်းလဲ၍ ကိုးကွယ်သူများလည်းရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း ၈ ၌ နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့တွင် ဘာသာရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားပြီး ဥပဒေအရ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း။
- ဘာသာရေးဆိုသည်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှု များကို ဆောင်ကြဉ်းပေးသည်သာဖြစ်ကြောင်း၊ ဘာသာရေးကို အမှန်တကယ် ထိထိရောက်ရောက် ရိုးရိုးသားသားဖြင့် ဆောင်ရွက်မည်ဆိုပါက ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်သည့် အခြေခံပင် ဖြစ်ကြောင်း။
- နိုင်ငံတော်အနေဖြင့် မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးဖြစ်သော် လည်း အခြားဘာသာကိုးကွယ်သူများကိုလည်း အသိအမှတ်ပြုပြီး လုပ်ဆောင် သင့် လုပ်ဆောင်ထိုက်သည်များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုများကို ရရှိမည်ဟု ယုံကြည်ကြောင်း။
- ကမ္ဘာ့နိုင်ငံများကိုကြည့်ပါကလည်း မိမိတို့နိုင်ငံကဲ့သို့ အခြေအနေမျိုးရှိသည့် နိုင်ငံများရှိသကဲ့သို့ ဘာသာတစ်ခုတည်းကိုသာ အခွင့်အရေးပေးပြီး အခြား ဘာသာရေးများကို အခွင့်အရေးမပေးသည့်နိုင်ငံများလည်းရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အချို့နေရာများတွင် ဘာသာရေးအရ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ဘာသာရေးအရ တည်ငြိမ်မှု ပျက်ပြားခဲ့သည်များရှိကြောင်း။
- မိမိတို့အနေဖြင့် ကိုးကွယ်မှုအလိုက် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အသိ အမှတ်ပြုခြင်း၊ တန်းတူရည်တူရှိခြင်းနှင့် အပြန်အလှန်လေးစားသမှုပြုခြင်းများရှိ နေသမျှ ပဋိပက္ခများ ကင်းဝေးစေမည်ဖြစ်ကြောင်း။
- လွတ်လပ်ရေးရရှိပြီးချိန်မှ ၂၀၀၈ ခုနှစ်အထိ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ်တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်ကို နိုင်ငံ၏မြို့တော် အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း။
- နေပြည်တော်တွင် ဘာသာရေးဆိုင်ရာနေရာနှင့် အဆောက်အဦများ အထိုက် အသင့်ရှိသည်ကို တွေ့ရကြောင်း၊ မိမိနိုင်ငံတော် တာဝန်စတင်ယူချိန်တွင် ဘာသာရေးဆိုင်ရာ အချို့အခမ်းအနားများကို နိုင်ငံတော်ကို ကိုယ်စားပြု၍ တက်ရောက်ချီးမြှင့်ခဲ့ပြီး လိုအပ်ချက်များရှိသည်ကို တွေ့ခဲ့ ရကြောင်း။
- ဘာသာရေးဆိုင်ရာ၊ သာသနာတော်ပြန့်ပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် နိုင်ရန်အတွက် မြေနေရာများ လိုအပ်သည်ကို တွေ့ရကြောင်း၊ အလားတူ နေပြည်တော်ကောင်စီအနေဖြင့်လည်း တင်ပြမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် မြေနေရာများ ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး ယနေ့အခမ်းအနား ဖြစ်မြောက်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာနှစ်သစ်ကူးအခါ သမယအဖြစ် နှစ်သစ်ကူးလက်ဆောင်အဖြစ် အသိအမှတ်ပြု ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ကြောင်း။
- ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြောင်း။
- ဘုရားကြီးပရိဝုဏ်နှင့် ဆက်စပ်လျက်ရှိသည့်နေရာများတွင် ဘာသာရေးဆိုင်ရာ များ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်တစ်ခု တည်ဆောက်ရန် လျာထားကြောင်း။
- နီပေါ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသည်လည်း ဗုဒ္ဓဘာသာကိုးကွယ် သည့် နိုင်ငံများဖြစ်သဖြင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ နိုင်ငံ ကိုယ်စားပြုသည့်ကျောင်းများ လာရောက်တည်ဆောက်လိုပါက တည်ဆောက် နိုင်ရေး နေရာလျာထားဆောင်ရွက်လျက်ရှိကြောင်း။
- အလားတူ ပြည်တွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာများအတွက် လည်း သင့်လျော်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ တည်ဆောက်လိုပါကလည်း ခွင့်ပြုပေးရန် နေရာများ သတ်မှတ်ထားပြီးဖြစ်ကြောင်း။
- တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် ဘာသာပေါင်းစုံ နေထိုင်သည့် နေရာတစ်ခု ဖြစ်အောင် ဆောင်ရွက်ပြီး နေပြည်တော်အား ဘာသာပေါင်းစုံကို ကိုယ်စားပြု သည့် နေရာတစ်ခုဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်မှာ ယနေ့အချိန်အထိပင်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေး အယူအဆ၊ တိုင်းရင်းသားရေးအယူအဆများပေါ်တွင် မူတည်၍ ဖြစ်ပေါ်လာ သည့် ပဋိပက္ခများဖြစ်ကြောင်း၊ အဆိုပါ ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း။
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံရေးအရ လွတ်လပ်ခွင့်နှင့် ဘာသာရေးအရ လွတ်လပ်ခွင့်များကို ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများမှာ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာ များကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ ပြည်ပမှ နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော် မှု၊ တိုင်းရင်းသားရေးအရ သွေးထိုးလှုံ့ဆော်မှုနှင့် ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု များကြောင့် အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်လာခြင်းဖြစ် ကြောင်း။
- အဆိုပါဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ပြည်သူပြည်သားတိုင်း သက်ဆိုင်ရာဘာသာတရားများအလိုက် ဘာသာရေးအသိများ ရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ လူများ၏အသိများကို ပြုပြင်နိုင်သည်မှာ ဘာသာရေးအသိပင်ဖြစ်ကြောင်း။
- တိုင်းပြည်၏အနာဂတ်ကို ကောင်းစေလိုပါက တိုင်းပြည်တွင် နေထိုင်ကြသူ များ၏ အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းပြည်အပေါ်တွင် စေတနာထား၍ ဆောင်ရွက်ရမည်ဖြစ်ရာ ဘာသာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘာသာရေးအသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကို ပေးအပ်ရာ ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ဟိန္ဒူ ဘာသာကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဘာသာပေါင်းစုံအသင်းအဖွဲ့ များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ နေပြည်တော်ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များ၊ အစ္စလာမ်ဘာသာရေး အသင်း အဖွဲ့များ၊ ဟိန္ဒူဘာသာရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၄-၂၀၂၄)
- နိုင်ငံတော်အနေဖြင့် မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးဖြစ်သော် လည်း အခြားဘာသာကိုးကွယ်သူများကိုလည်း အသိအမှတ်ပြုပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုများကို ရရှိမည်ဟု ယုံကြည်။
- မိမိတို့အနေဖြင့် ကိုးကွယ်မှုအလိုက် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အသိ အမှတ်ပြုခြင်း၊ တန်းတူရည်တူရှိခြင်းနှင့် အပြန်အလှန်လေးစားသမှုပြုခြင်းများရှိ နေသမျှ ပဋိပက္ခများ ကင်းဝေးစေမည်ဖြစ်။
- မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်မှာ ယနေ့အချိန်အထိပင်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေး အယူအဆ၊ တိုင်းရင်းသားရေးအယူအဆများပေါ်တွင် မူတည်၍ ဖြစ်ပေါ်လာ သည့် ပဋိပက္ခများဖြစ်၊ အဆိုပါ ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်။
- တိုင်းပြည်၏အနာဂတ်ကို ကောင်းစေလိုပါက တိုင်းပြည်တွင် နေထိုင်ကြသူ များ၏ အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းပြည် အပေါ်တွင် စေတနာထား၍ ဆောင်ရွက်ရမည်ဖြစ်ရာ ဘာသာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လို။
Add new comment