တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

        တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မြင်းခြံဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် သေဆုံးသွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိကြောင်းနှင့် ထောင်ဝန်ထမ်းများ၏ ရိုက်နှက်ခဲ့ခြင်းမရှိဘဲ ၎င်းအကျဉ်းသားသည် ချောင်းဆိုးစဉ် သွေးပါလာခြင်း၊ အသက်ရှူမဝခြင်း၊ မောပန်းခြင်းများရှိသဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးခဲ့သော်လည်း အဆိုပါရောဂါများကြောင့် သေဆုံးခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၄-၂၀၂၄)

 

  • မြင်းခြံဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် သေဆုံးသွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ထောင်ဝန်ထမ်းများ၏ ရိုက်နှက်ခဲ့ခြင်းမရှိဘဲ ချောင်း ဆိုးစဉ် သွေးပါလာခြင်း၊ အသက်ရှူမဝခြင်း၊ မောပန်းခြင်းများရှိသဖြင့် အဆိုပါ ရောဂါများကြောင့် သေဆုံးခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

Add new comment