ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ မတ်လအတွင်း ခရီးသွားဧည့်သည် သုံးသောင်းကျော် လာရောက်လည်ပတ်ခဲ့

       ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ မတ်လအတွင်း လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ၃၈,၉၅၅ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံး လာရောက်လည်ပတ်ခဲ့ပါသည်။

ငွေတောင်ကမ်းခြေသည် မြတ်မော်တင်စွန်းစေတီအနီးတွင်ရှိပြီး ကမ်းခြေသို့ လာရောက်အပန်းဖြေသူများ သွားလာမှုအဆင်ပြေစေရန်၊ ကမ်းခြေသန့်ရှင်းမှုရှိစေရန်၊ ခရီးသွားများ စိတ်အေးချမ်းသာစွာ အနားယူနိုင်စေရန် လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးစသည့် လုပ်ငန်းများကို ခရီးသွားလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၄-၂၀၂၄)

 

  • ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ မတ်လအတွင်း လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ၃၈,၉၅၅ ဦးရှိ။
  • ကမ်းခြေသို့ လာရောက်အပန်းဖြေသူများ သွားလာမှုအဆင်ပြေစေရန်၊ ကမ်းခြေသန့်ရှင်းမှုရှိစေရန်၊ ခရီးသွားများ စိတ်အေးချမ်းသာစွာ အနားယူနိုင်စေရန် လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးစသည့်လုပ်ငန်းများကို ခရီးသွားလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိ။

Add new comment