နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူ ငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ဧပြီလ ၁၀ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင်-

  • ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းအရ နှစ်နှင့်အထက်လူဦးရေ ၄၆.၄၆၃ သန်းတွင် ကျောင်းလုံးဝမတက်ဖူးသူ . ရာခိုင်နှုန်းခန့်၊ အသက် ၂၅ နှစ်အထက် ၂၅.၁၆၉ သန်းခန့်တွင် အတန်းလုံးဝမရှိသူ . ရာခိုင်နှုန်း၊ မူလတန်းနှင့် မူကြို အဆင့်ရှိသူ ၄၉.၄၇ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်ရှိသူ ၂၁.၇၂ ရာခိုင်နှုန်း၊ အထက်တန်းအဆင့်ပြီးမြောက်သူ ၁၃. ရာခိုင်နှုန်းနှင့် ဘွဲ့ရသူ ၁၁. ရာခိုင်နှုန်း ရှိသည်ကို သိရှိရကြောင်း။
  • မိမိတို့နိုင်ငံ၌ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်နှင့် မြို့ပေါင်း ၄၇၁ မြို့ရှိပြီး ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ခုကို ဖွင့်လှစ်ပေးထားသည့် အပြင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းထောက်ပံ့မှုနှင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ,၅၀၀ ကျော်ရှိကြောင်း။
  • နိုင်ငံတွင်း၌ စာကြည့်တိုက်ပေါင်းများစွာဖွင့်လှစ်ပေးရန် လိုအပ်သည်ကို တွေ့ရပြီး စာကြည့်တိုက်အင်္ဂါရပ်များနှင့် ပြည့်စုံအောင် အဆောက်အဦများနှင့် လိုအပ်သည့် အသုံးအဆောင်များ၊ စာအုပ်များကို တာဝန်ရှိသူများက ဖြည့်ဆည်းပေးသွားရန် လိုအပ်ကြောင်း။
  • မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေသူများကို အသိပညာများပေးနိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့်စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေ ရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးဟူသည့် နိုင်ငံရေးမျှော်မှန်းချက်နှစ်ခုနှင့်တိုင်းပြည်သာယာဝ ပြောရေးနှင့်စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက်    နှစ်ရပ်ကို ချမှတ်ပြီး ယင်းရည်မှန်းချက်များအောင်မြင်စေရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံပိုင်သတင်းစာများနှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေဖြန့်ချိလျက်ရှိသော်လည်း နိုင်ငံတစ်ဝန်းလုံးသို့ ပျံ့နှံ့ရောက်ရှိမှုအားနည်းမှုနှင့် ဖတ်ရှုသူနည်းပါးမှုတို့ကို တွေ့ ရှိရကြောင်း။
  • သတင်းစာဟူသည်မှာ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် သတင်းအချက်အလက်များကို အမြန်ဆုံးသိရှိစေရေး ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သဖြင့် နယ်မြို့၊ ကျေးရွာများသို့ အမြန်ဆုံးရောက်ရှိနိုင်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
  • ယခုကဲ့သို့ မွန်မြတ်သည့် စာပေအသိပညာလှူဒါန်းမှုများကို ဦးဆောင်နိုင်သူများက ဦးဆောင်၍ နိုင်ငံအဝန်း၌ မကြာခဏဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည် အတွက် များစွာအကျိုးရှိစေမည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေး နိုင်ကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း ပြောကြားခဲ့။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် စေတနာရှင် ပြည်သူများက မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

         အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်များနှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုအနေဖြင့် အလှူငွေကျပ် ၅၆၀,၀၈၇,၅၀၀ နှင့် သုတရသစာအုပ်စာစောင် ၄၈,၃၅၇ အုပ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြုလုပ်သည့် အခမ်းအနားများ၌ လှူဒါန်း မှုအနေဖြင့် ငွေကျပ် ၄၂၅,၀၇၇,၉၅၀ နှင့် သုတရသစာအုပ်စာစောင် ၃၀,၈၅၄ အုပ်ဖြစ် ကြောင်းနှင့် စုစုပေါင်းလှူဒါန်းမှုအနေဖြင့် ငွေကျပ် ၉၈၅,၁၆၅,၄၅၀ နှင့် သုတရသ စာအုပ်စာစောင် ၇၉,၂၁၁ အုပ်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၄-၂၀၂၄)

  • မိမိတို့နိုင်ငံ၌ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ခုကို ဖွင့်လှစ်ပေးထားသည့်အပြင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းထောက်ပံ့ မှုနှင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ၃,၅၀၀ ကျော်ရှိ။
  • မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေသူများကို အသိပညာများပေးနိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရ မည်ဖြစ်။
  • သတင်းစာဟူသည်မှာ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် သတင်းအချက်အလက်များကို အမြန်ဆုံးသိရှိစေရေး ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သဖြင့် နယ်မြို့၊ ကျေးရွာများသို့ အမြန်ဆုံးရောက်ရှိနိုင်စေရေး ဆောင်ရွက်သွားရန်လို။
  • ယခုကဲ့သို့ မွန်မြတ်သည့် စာပေအသိပညာလှူဒါန်းမှုများကို ဦးဆောင်နိုင်သူများက ဦးဆောင်၍ နိုင်ငံအဝန်း၌ မကြာခဏဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်အတွက် များစွာအကျိုးရှိစေမည်ဖြစ်။
  • မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြင်ပအလှူရှင်များက စုစုပေါင်းလှူဒါန်းမှုအနေဖြင့် ငွေကျပ် ၉၈၅,၁၆၅,၄၅၀ နှင့် သုတရသစာအုပ်စာစောင် ၇၉,၂၁၁ အုပ်လှူဒါန်းခဲ့။

 

Add new comment