ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာ သူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၌ ၂၄-၁-၂၀၂၂ ရက်တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၃၇ ခုတွေ့ရှိခဲ့ပါသည်။
အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား ၃၆ ဦးနှင့် နိုင်ငံခြားသား ၁ ဦး တို့မှာ Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး ၎င်း ၃၇ ဦးမှာ အိန္ဒိယနိုင်ငံမှ ၆ ဦး၊ မလေးရှားနိုင်ငံမှ ၇ ဦး၊ ကိုရီးယားနိုင်ငံမှ ၄ ဦး၊ ထိုင်းနိုင်ငံမှ ၁ ဦး၊ ယူအေအီးနိုင်ငံမှ ၁၅ ဦး၊ ရုရှားနိုင်ငံမှ ၁ ဦးနှင့် စင်ကာပူနိုင်ငံမှ ၃ ဦးတို့ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၂၄-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၈၃ ဦးရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၈၁ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့် မိသားစုဝင် ၂ ဦးတို့ဖြစ်ကြောင်း သိရှိရပါသည်။
- ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာ သူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲ နမူနာ ၃၇ ခုထပ်မံတွေ့ရှိခဲ့။
- ၂၄-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၈၃ ဦးရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၈၁ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့်မိသားစုဝင် ၂ ဦးဖြစ်။
Add new comment