China Foundation for Peace and Development နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကျင်းပ

China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကို ဧပြီလ ၁၀ ရက်တွင် နေပြည်တော်၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိ သူများ၊ China Foundation for Peace and Development(CFPD) အဖွဲ့မှ တာဝန်ရှိ သူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

China Foundation for Peace and Development (CFPD) အဖွဲ့သည် တရုတ်- မြန်မာချစ်ကြည်ရေးယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ရေးလှုပ်ရှားမှုများစီမံကိန်းအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူ ၂,၀၀၀ ကို တရုတ်ယဉ်ကျေးမှုထုတ်ကုန် အခု ၅၀၀၊ စာအုပ်တွဲ ၁၀၀ နှင့် ပေါက်ဖော်လစဉ် စာအုပ်အတွဲ ၃၀၀၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၅ သိန်းလှူဒါန်းခဲ့ပြီး ယခုအခမ်းအနားတွင်လည်း အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ အတွက် အားကစားပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးခဲ့ပါသည်။

အဆိုပါ အားကစားပစ္စည်းများနှင့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းများကို မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ Senior President မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr.Li BoBo က နေပြည်တော်ရှိ စာသင်ကျောင်း ငါးကျောင်းသို့ လှူဒါန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၄-၂၀၂၄)

  • CFPD အဖွဲ့သည် တရုတ်-မြန်မာချစ်ကြည်ရေးယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ရေး လှုပ်ရှားမှုများစီမံကိန်းအတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများအတွက် တရုတ်ယဉ်ကျေးမှုထုတ်ကုန် အခု ၅၀၀၊ စာအုပ်တွဲ ၁၀၀ နှင့် ပေါက်ဖော်လစဉ် စာအုပ်အတွဲ ၃၀၀၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၅ သိန်းအားလည်း ကောင်း၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများအတွက် အား ကစားပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများအားလည်းကောင်း လှူဒါန်းခဲ့။

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment