နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်း ရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဧပြီလ ၁၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

  • တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ကုန်ပစ္စည်း များ အပြန်အလှန်တင်ပို့ရေးနှင့် တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုး ရေးထုတ်ကုန်များနှင့်ပတ်သက်၍ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်လေကြောင်းပျံသန်းရေး ဆိုင်ရာကိစ္စရပ်များ၊ ရေနံထွက်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် တွင်းထွက်သယံဇာတ ပစ္စည်းများအား အဆင့်မီကုန်ချောများအဖြစ် ထုတ်လုပ်နိုင်သည့်အခြေအနေများ၊ အထည်အလိပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေ အနေများနှင့် အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး ဥရောပအာရှ စီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၄-၂၀၂၄)

  • နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပြီး ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ရေးနှင့် တိုက်ရိုက်ငွေပေးချေမှုဆိုင် ရာကိစ္စရပ်များ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး၊ ရေနံထွက်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် တွင်းထွက်သယံဇာတပစ္စည်းများအား အဆင့်မီကုန်ချောများအဖြစ် ထုတ်လုပ်နိုင်သည့်အခြေအနေများ၊ အထည်အလိပ် လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများအား ဆွေးနွေးခဲ့။

Add new comment