ပြည်ထောင်စုဝန်ကြီးများ ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံ

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့်ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဧပြီလ ၁၀ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။

  • စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် The Eurasian Economic Commission အဖွဲ့ဝင်နိုင်ငံများအကြား မဟာဗျူဟာမြောက်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စများ၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်ပြီး ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးဆိုင်ရာကိစ္စများ၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများနှင့် အလားအလာကောင်းများရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများတွင် အထွက်နှုန်းတိုးမြှင့်နိုင်ရန် သုတေသနပြုဆောင်ရွက်ရေးကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ရုရှားကုမ္ပဏီများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ အဓိကပို့ကုန်များဖြစ်သည့် ချုပ်ပြီးအထည်များ၊ ဖိနပ်၊ အိတ်အစရှိသည့် CMP ထုတ်ကုန်များအပြင် စိုက်ပျိုးရေးထွက်ကုန်များအား ဥရောပအာရှနိုင်ငံများသို့ တိုးမြှင့်တင်ပို့သွားနိုင်ရေး၊ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ထို့ပြင် ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ၏ ဇနီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွား ရောက် ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၄-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီးများ ဥရောပအာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီး စားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့်The Eurasian Economic Commission အဖွဲ့ဝင်နိုင်ငံများအကြား မဟာဗျူဟာမြောက် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စများ၊ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့။

 

Add new comment