ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲ

ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ ထွက်ခွာလာသည့် အမှတ် (၆၈၆) အစုန်ကျောက် ရထားသည် ဧပြီလ ၁၀ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ ထွက်ခွာပြီး ဒုံဝန်းဘူတာအကြားဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် လမ်းချော်ကျမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန်လူစီးရထားဖြင့် လိုက်ပါလာသည့် ခရီးသည် (၇၄၁) ဦးအား မော်တော် ယာဉ် (၈) စီးဖြင့် သထုံဘူတာသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့အပြင် သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ် (၈၂) အစုန်ရထားဖြင့်လိုက်ပါလာသည့် ခရီးသည် (၂၉၈) ဦးအား ကျိုက်ထိုမှ ရောက်ရှိလာသည့် မော်တော်ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့ အမှတ် (၈၂) အစုန်ရထားအဖြစ် ဆက်လက်ပို့ဆောင်ပေးခဲ့ ပါသည်။

အလားတူ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ တောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာအကြား စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသည့် အစုန်လမ်းပေါ်၌ မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၃) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမို ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်း ဖက်သောင်းကျန်းသူများက ရထားလမ်းများ၊ တံတားများ၊ ကုန်စည်များနှင့် ခရီးသည် များထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး ရထားဖြင့်ခရီး သွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကြောင့် ၎င်းတို့၏ ယုတ်မာပက်စက်မှုများ အပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၄-၂၀၂၄)

  • ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ရထား လမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး အလားတူ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း အုတ်တွင်းမြို့နယ် တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်ကွဲခဲ့။

Add new comment