ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် ခြင်းကို ဧပြီလ ၁၀ ရက်တွင် ကျောက်ပန်းတောင်းမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

ထို့နောက် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် လက်နက် များ တပ်ဆင်အပ်နှင်းပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူ များသည် တပ်ဆင်ပေးအပ်လက်နက်များအား လိုက်လံကြည့်ရှုကြပြီး တက်ရောက် လာကြသည့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၄-၂၀၂၄)

  • တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့။

Add new comment