၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-

  • မတ်လ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၈၃.၀၆ ကီလို၊ ဘိန်းဖြူ ၅၉.၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၇၄၀,၆၉၄ ပြား၊ စိတ်ကြွရူး သွပ်ဆေးပြားအကြေ ၀.၁၂ ကီလို၊ အိုက်စ် ၀.၃၄ ကီလို၊ ဆေးခြောက် ၅၂.၅၂ ကီလို၊ ဆေးခြောက်ပင် ၁၄ ပင်၊ အဆင့်နိမ်ဘိန်း ၀.၀၁ ကီလို၊ ဘိန်းစာရွက် ၂၈.၉၄ ကီလို၊ ဘိန်းစာမှုန့် ၂၉.၆၅ ကီလို၊ အက်တက်စီဆေးပြား ၈၀၃ ပြား၊ ကက်တမင်း ၁၃.၇၆ ကီလို၊ Happy Water ၉.၈၁ ကီလို၊ Ammonium Nitrate ၁၄၀,၁၂၀ ကီလို၊ Benzyl Cyanide ၇,၂၀၀ လီတာနှင့် Dichloromethane ၇၂၀ လီတာ၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၂၈,၆၉၃.၄၁ (US$ ၁၃.၆၆၃ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၇၉ ဦး၊ အမျိုးသမီး ၇၂ ဦး၊ စုစုပေါင်းတရားခံ ၆၅၁ ဦးဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၄)

  • မတ်လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၂၈,၆၉၃.၄၁ (US$ ၁၃.၆၆၃ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၇၉ ဦး၊ အမျိုးသမီး ၇၂ ဦး၊ စုစုပေါင်းတရားခံ ၆၅၁ ဦးအား ဖမ်းဆီးရမိခဲ့။

 

 

Add new comment