နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပျားရည် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ၂,၁၁၉ ဒသမ ၆၆ တန်တင်ပို့ကာ နယ်စပ် ကုန်သွယ်ရေးမှ တန် ၁၅၀ စုစုပေါင်း ပျားရည်မက်ထရစ်တန် ၂,၂၆၉ ဒသမ ၆၆ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းကျော်ရရှိခဲ့။
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုအ နေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၃,၃၃၅ ဒသမ ၅၂၅ သန်းရရှိပြီး ပုဂ္ဂလိကပိုင် မှ အမေရိကန်ဒေါ်လာ ၅,၅၁၂ ဒသမ ၅၄၂ သန်းရရှိသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၈,၈၄၈ ဒသမ ၀၆၇ သန်းရရှိခဲ့။
- ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ဆန်တင်ပို့မှုအနေဖြင့် ၁၂,၀၀၀ တန်ချိန် တင် ပို့ခဲ့။
- ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ပြောင်းဖူးစေ့တင်ပို့မှုအနေဖြင့် ၆၇,၉၀၀ တန်ချိန် တင်ပို့ခဲ့။
- ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ပြောင်းဖူးစေ့တင်ပို့မှုအနေဖြင့် ၅,၄၀၀ တန်ချိန် တင်ပို့ခဲ့။
- ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ပြောင်းဖူးစေ့တင်ပို့မှုအနေဖြင့် ၇၄,၅၀၀ တန် ချိန်တင်ပို့ခဲ့။
ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် ပွင့်လင်းရာသီရောက်သည်နှင့် ရေကြောင်း သယ်ယူပို့ဆောင်မှု ကောင်းမွန်လာကာ သင်္ဘောကြီးများ ပိုမိုဝင်ရောက်လာပြီး မြန်မာ့ ထွက်ကုန်များကို နိုင်ငံတကာသို့ တိုးတက်ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၄)
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ် တန် ၂,၂၆၉ ဒသမ ၆၆ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း ကျော်ရရှိခဲ့။
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုအ နေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၈,၈၄၈ ဒသမ ၀၆၇ သန်းရရှိခဲ့။
- ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ၁၂,၀၀၀ တန် ချိန်တင်ပို့ခဲ့။
- ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှ ၁၀ ရက်အထိ ပြည်ပသို့ ပြောင်းဖူးစေ့တန်ချိန် ၁၄၇,၈၀၀ တန် တင်ပို့ခဲ့။
Add new comment