၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ဧပြီလ ၉ ရက်တွင် နေပြည်တော်၌ ကျင်းပရာ အခမ်းအနား သို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊  နေပြည်တော်ကောင်စီနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုသန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအ သင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-

  • မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
  • ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလများတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ပြည်တွင်း/ ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများရှိသည့်အတွက် လူဦးရေ ဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေဖြစ်ပေါ်မည်ဖြစ်ကြောင်း၊
  • ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည် နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင် စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားကြောင်း၊
  • တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင် စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန်လျာထား ပြီး နေပြည်တော်ကောင်စီအနေဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁၀၉၄ ဦး ခန့်ထားဆောင်ရွက်ရန် လျာထားကြောင်း၊
  • စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Inter-views-CAPI) ဖြင့် ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊
  • စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်ကြောင်း၊
  • ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက်နည်းပြသင် တန်းနှင့် ဆင့်ပွားသင်တန်းအဆင့်ဆင့်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်တွင်လည်းကောင်း၊ အထူးနည်းပြသင်တန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အားလုံး တွင်လည်းကောင်း၊ ခရိုင်နည်းပြသင်တန်းကို ခရိုင်အဆင့် ၁၂၆ နေရာတွင်လည်း ကောင်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို မြို့နယ်အဆင့်နေရာ ၉၀၀ ခန့်တို့တွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့။

ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အ ကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ နေပြည်တော် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၄)

  • သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး သန်းခေါင် စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေး ခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်။
  • စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Inter-views-CAPI) ဖြင့် ကောက်ယူဆောင်ရွက်မည်ဖြစ်။

Add new comment