ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးခြင်းသည် အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ၁၈ နှစ်နှင့်အထက် ဦးတည်အုပ်စုများသတ်မှတ်ပြီး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကာကွယ်ဆေးများ လုံလောက်စွာရရှိရေးအတွက် ပြည်ပနိုင်ငံများမှ ဝယ်ယူခြင်းနှင့် မိတ်ဆွေနိုင်ငံများမှ လှူဒါန်းခြင်းတို့ကြောင့် လုံလောက်သည့်ကာကွယ်ဆေးအရေအတွက်ရရှိလာသဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ၁၈ နှစ်နှင့်အထက် ဦးတည် အုပ်စုများအပြင် တက္ကသိုလ်ကျောင်း သား/သူများ၊ ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၊ တိုက်ပွဲရှောင်နှင့် နေရပ်စွန့်ခွာသူများအား လျာထားသတ်မှတ်ချက်ထက်ကျော်လွန်၍ ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လိုအပ်သူများအား Booster (Third Dose) ထိုးနှံပေးလျက်ရှိပါသည်-
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဇန်နဝါရီလ ၁ ရက်မှ ၂၄ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Third Dose) ကို ၁၈,၉၇၁ ဦးအား ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် တက္ကသိုလ်/ ကောလိပ်/ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများရှိ ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ ၁၃၅ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂၄ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၁,၄၁၃,၈၇၄ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၂၄,၁၆၀ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ရခိုင်ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ဒေသခံပြည်သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂၄ ရက် အထိ ဒုတိယအကြိမ်အဖြစ် ၁၇,၉၂၂ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၉,၂၁၅ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ရခိုင်ပြည်နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသည့် ဘင်္ဂါလီများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂၄ ရက် အထိ ဒုတိယ အကြိမ်အဖြစ် ၂၂,၇၇၃ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၃၆,၃၇၄ ဦး အား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- မြန်မာနိုင်ငံနယ်စပ်ဒေသ ၂၆ မြို့အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ များ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂၄ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၄၇၆,၈၀၇ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၅၂၈,၆၈၉ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇန်န ဝါရီလ ၂၄ ရက်အထိ လူဦးရေစုစုပေါင်း ၂၁ ဒသမ ၈ သန်းအား ထိုးနှံပေးပြီး ဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၈ ဒသမ ၃ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၅ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၀ သန်းထိုးနှံပြီးဖြစ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ (Quarantine Center) များ၊ (Treatment Center) များနှင့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့ အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တက္ကသိုလ်/ ကောလိပ်/ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများရှိ ကျောင်းသား/သူများ၊ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ဒေသခံပြည်သူများ ရခိုင်ပြည်နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသည့် ဘင်္ဂါလီများ၊ မြန်မာနိုင်ငံနယ်စပ်ဒေသ ၂၆ မြို့အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိ။
Add new comment